Monday, July 20, 2015



သရက် ဇူလိုင် ၁၉
          မကွေးတိုင်းဒေသကြီး သရက်မြို့၌ (၆၈)နှစ်မြောက် အာဇာနည်နေ့ ဆွမ်းကပ်လှူဒါန်းခြင်း အခမ်းအနားကို  ယနေ့ နံနက် (၆)နာရီက ရွှေဘုံသာ ဘုံးတော်ကြီးကျောင်း တိုက်၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဘဏ္ဍာအခွန်  ၀န်ကြီး၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ခရိုင်နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာအကြိးအကဲနှင့် ပါတီများမှ ကိုယ်စာလှယ်များ တာဝန်ရှိသူများ တက်ရောက်ကြသည်။
          အဆိုပါ အခမ်းအနားတွင် တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များမှ သံဃာတော် အရှင်သူမြတ်များ အား သြကာသကန်တော့ကျိုးဖြင့် ကန်တော့၍ ငါးပါးသီလ ခံယူပြီး ဘိုကုန်းကျောင်းဆရာတော်ထံမှ (၅)ပါးသီလ  ခံယူဆောက်တည်ခဲ့ကြသည်။
          ထို့နောက် သံဃာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်နား ရွတ်ပွါးချီးမြှင့်ပြီး တာဝန်ရှိသူများမှ   သံဃာတော် အရှင်သူမြတ်များအား ဆွမ်း၊သင်္ကန်းနှင့် လှူဘွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား ရည်စူး၍ လှူဒါန်းမှု့ အစုစုအား ရေစက်ချအမျှပေးဝေ၍ သာဓုအနုအမောဒနာ ခေါ်ယူခဲ့ကြပြီး ဆရာတော် သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
                                                                                     

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video