Monday, July 20, 2015




ဂန့်ဂေါ ဇူလိုင် ၁၈
      ဂန့်ဂေါခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက် လုပ်ငန်းစဉ်များညှိနှိုင်းဆောင်ရွက်ရန် အစည်းအဝေးကို ဇူလိုင် ၁၇ ရက်နံနက်က ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
          အဆိုပါလုပ်ငန်းစဉ်များ ညှိနှိုင်းဆောင်ရွက်ရန် အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ကော်မရှင် အဖွဲ့ခွဲဝင် ဦးခင်မောင်လှိုင် ၊ ဂန့်ဂေါခရိုင်ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးတင်ဝင်း၊ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦး ဇေတိုးအောင်တို့နှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက်လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြ၍ ဂန့်ဂေါမြို့နယ်ရှိ  နိုင်ငံရေးပါတီများမှ  တက်ရောက်လာကြသူများ၏  ဆွေးနွေးတင်ပြချက်များကို
 ပြန်လည်ဖြေကြား ဆွေးနွေးကြ ကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video