ရေနံချောင်း ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်မန်မြေအုပ်စု၊
မိန်းမလှကျွန်းကျေးရွာတွင် ဧရာဝတီမြစ်ရေ တိုက် စားပြီးကမ်းပါးပြိုမှုကြောင့် လူနေအိမ်များရွှေ့ပြောင်းနေရကြောင်းသိရသည်။
မန်မြေကျေးရွာအုပ်စု၊မိန်းမလှကျွန်းကျေးရွာတွင်ယခုလ(၅)ရက်မှ၁၅ရက်အတွင်း မြစ်ရေတိုက်စားပြီးကမ်းပါး
ပြိုကျမှုကြောင့် လူနေအိမ်(၅၇)လုံးကိုရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ မိန်းမလှကျွန်းကျေးရွာသည် မြေနုကျွန်းပေါ်တွင်တည်ရှိပြီး
(၃)နှစ်တစ်ကြိမ်ခန့် ကမ်းပါးပြိုခြင်းကိုတွေ့ကြုံနေရကြောင်းဒေသခံတစ်ဦးကပြောပြသည်။
မိန်းမလှကျွန်းကျေးရွာတွင် အိမ်ခြေ ၁၅၁လုံးရှိပြီးကမ်းပါးပြို၍ပြောင်းရွှေ့ရသောအိမ်ထောင်စု
၅၇စုကို ရွာ၏အရှေ့ဘက်မြေကွက်လပ်နေရာတွင် ယာယီနေရာချထားပြီးအဆိုပါ အိမ်ထောင်စု များအတွက်
ရေနံချောင်းမြို့နယ် ထနောင်းကုန်းကျေးရွာအနီးတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့်
မြေကွက်သစ်များဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်းလည်းသိရသည်။
0 comments:
Post a Comment