ဆော ဇူလိုင် ၁၇
လူငယ်များအတွက် ကွန်ပျူတာပညာအခြေခံပညာသင်တန်းကို
ဂန့်ဂေါခရိုင် ဆောမြို့ သီရိရပ်ကွက်ရှိ သီလရှင်ကျောင်းတိုက်၌ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသည်။
အဆိုပါသင်တန်းကို လူငယ်များ ကွန်ပျူတာဖြင့်
ရင်းနှီးကျွမ်းဝင်ပြီး အသုံးချတတ်စေရန်၊ ကွန်ပျူတာ အခြေခံပညာ နှင့် အသိပညာများတိုးတက်စေရေးအတွက်ရည်ရွယ်၍
စေတနာဖြင့်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သင်တန်း၏ ဦးစီးနာယက ဆရာတော် ဘဒ္ဒ န္တ ခေမာက မိန့်ကြားသည်။
သင်တန်းသို့ သင်တန်းသား ၄၇ ဦးတို့တက်ရောက်လျှက်ရှိပြီး
ဆရာ/ဆရာမ ၃ ဦးတို့က လေ့ကျင့် သင်ကြားပေးလျှက်ရှိကြကာ သင်တန်းကာလမှာ ဇူလိုင် ၉ ရက်မှ
သြဂုတ် ၈ ရက်ထိဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment