Monday, July 20, 2015



ဆော ဇူလိုင် ၁၇
          တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်တွင် အခက်အခဲမရှိ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်  အတွက် ဂန့်ဂေါခရိုင် ဆောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ပေး လျှက်ရှိရာ ဖူလိုင် ၁၆ ရက်အထိ ငွေကျပ် ၄၄၁၅ သိန်းကျော်ကို တောင်သူ ၂၉၂၉ ဦးထံ ထုတ် ပေးပြီးဖြစ်၍ တောင်သူများသည် ထွန်ယက်စိုက်ပျိုးခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြပြီဖြစ်သည်။
          အဆိုပါချေးငွေများထုတ်ပေးရာတွင် လယ်တစ်ဧကလျှင် ကျပ်တစ်သိန်း၊ အခြားသီးနှံများအတွက် ကျပ် နှစ်သောင်းနှုန်း ထုတ်ပေးလျှက်ရှိကာ လယ် ၄၀၂၃ ဧက၊ မြေပဲ ၇၁၃ ဧက၊ နှမ်း ၁၂၄၉ ဧကတို့ အတွက် ထုတ် ပေးခြင်းဖြစ်ကြောင်းနှင့် ကျန်အုပ်စုဝင် တောင်သူများထံ ချေးငွေများဆက်လက်ထုတ်ပေး သွား မည်ဖြစ်ကြောင်း သိရသည်။
          စိုက်ပျိုးစရိတ်ချေးငွေများကို အတိုးနှုန်း သက်သက်သာသာဖြင့် ထုတ်ချေးပေးသည့်အပြင် စိုက်ပျိုးချိန်မီထုတ်ချေးပေးသည့်အတွက် ကျေးဇူးအထူးတင်ပါကြောင်းမင်းလယ်ကျေးရွာမှ  တောင်သူ 
 ဒေါ်နန်းမွှေးက ပြော သည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video