Monday, July 20, 2015


သရက် ဇူလိုင် ၁၇
          မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၁၅ခုနှစ်ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၆၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယနေ့နံနက် (၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စိန်ရတု ခန်းမတွင် ကျင်းပရာ ကျောင်းအုပ် ဆရာမကြီး  နှင့် ဆရာ/ဆရာမ များ၊ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
          အဆိုပါ အခမ်းအနားတွင် ရှေ့ဦးစွာ အမှတ်(၁) အခြေခံအထက်တန်းကျောင်း ကျောင်းအုပ် ဆရာမကြိး      ဒေါ်ရင်ရင်ရွှေက အဖွင့်အမှာ စကားပြောကြားပေးခဲ့ပြိး အလယ်တန်းပြ ဆရာ ဦးတင်စိုးမှ အာဇာနည်ခေါင်းဆောင်ကြီးများ၏အမျိုးသားရေးစိတ်ဓါတ်ကောင်းများအကြောင်းကို ဟောပြောပေးခဲ့သည်။
  ထို့နောက် အလယ်တန်းပြ ဆရာမ ဒေါ်မြင့်မြင့်စိန်မှ အာဇာနည်နေ့နှင့်ပတ်သက်၍သိသင့်သည်များကို အကျယ်တ၀င့်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video