Monday, July 20, 2015



မကွေး ဇူလိုင် ၁၉
မကွေးတိုင်းဒေသကြီး မကွေးမြို့၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ (၆၈)နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား ရည်စူး၍ သံဃာတော် အရှင် သူမြတ်များအား ဆွမ်းကပ်အလှူဒါနပြုအမျှပေးဝေခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တိုင်းဒေ သကြီး သံဃနာယက ကျောင်းဆောင်၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေနှင့်အစိုးရအဖွဲ့ဝင်၉န်ကြီးများ၊ တိုင်းဒေ သကြီိးဥပဒေချုပ်၊ တရားသူကြီိးချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီိးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးကော်မရှင်ဥက္ကဌနှင့် တာဝန်ရှိသူများ၊ မကွေးခရိုင်နှင့်မြို့နယ်မှ အုပ်ချုပ်ရေးမှူးများ၊ တိုင်းဒေ သကြီးအတွင်းရှိနိုင်ငံရေးပါတီများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ ကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွက်ဆိုဆို၍ ဘုရားကန်တော့ကြပြီး မကွေးမြို့ ရာဇမုနိတောင်ပေါ်ကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်သြ၀ါဒစရိယ တိုင်းဒေသကြီး ဘုန်းတော် ကြီးသင်ပညာရေး ကြီးကြပ်မှုကော်မတီဥက္ကဌ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဓန္တ ကေလာသ အရှင် သူမြတ် ထံမှတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသောဧည့်သည်တော်များမှ (၅)ပါးသီလခံယူဆောက် တည်ပြီး ပင့်သံဃာ ဆရာတော်အရှင်သူမြတ်(၉)ပါးတို့မှ မေတ္တာသုတ်ပရိတ်တရားတော် ရွက်ပွား ချီးမြှင့်ခြင်းကိုနာကြား၍ ၀န်ကြီိးချုပ်နှင့်တာဝန်ရှိသူများမှ ဆရာတော်များအား လှူဘွယ်ဝထ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ မကွေးမြို့ သံဃာရာမကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဓန္တ စိန္တာသာရ(အဂ္ဂမဟာပဏ္ဍိတ)ထံမှ အလှူမောဒနာတရားနာကြားပြီး အာဇာနည်ခေါင်းဆောင်များ အား ရည်စူး၍ ရေစက်သွန်းချအမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ် ရွက်ဆိုဆုတောင်းကာ ရုပ်သိမ်းခဲ့သည်။ထို့နောက် ပင့်သံဃာအရှင်သူမြတ်တို့အား အာဇာနည် ခေါင်းဆောင်ကြီးများအတွက် ရည်စူး၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲပကြသည်။
အလားတူ (၆၈)နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည် ပုဂ္ဂိုလ်များအား ရည်စူး၍ သ့ဃာတော်အရှင်သူမြတ်များအား ဆွမ်းကပ်လှူဒါန်းခြင်း၊အလှူဒါနပြု အမျှဝေခြင်း အခမ်းအနားများကို တိုင်းဒေသကြီိးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် အုပ်ချုပ်ရေး မှူးများမှဦးစီး၍ ကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video