၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ နံနက် (၁၁)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ စေတုတ္တရာမြို့နယ်၊ တပွင်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် လူတစ်ဦး ပိုးသတ်ဆေး ရည် သောက်၍ သေဆုံးကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ စေတုတ္တရာမြို့နယ်၊ ဘူးကျေး ရွာ နေသူ မောင်မြင့် (၄၇)နှစ်၊ တောင်သူ၊ ဗမာ/ဗုဒ္ဓ၊ (ဖ)ဦးဘဖေသည် ညကတည်းက စောင်ခြုံအိပ်နေပြီး မနိုးသဖြင့် ယောက်ဖဖြစ်သူ ညိုမင်းထူးနှင့်ညီမဖြစ်သူ မခင်ပြုံးကြည်တို့မှ စောင်အားလှန်ကြည့် ရာ မောင်မြင့်နှင့်အတူ မြန်မာ့သြဘာ ပိုးသတ်ဆေးရည်ဗူးအား တွေ့ရှိရပြီး မောင်မြင့်၏ပါးစပ်မှ ပိုးသတ် ဆေးရည်များ ကျနေသည့်အပြင် အသားအရည်များမှာလည်း မွဲခြောက်နေသဖြင့် စေတုတ္တရာ မြို့နယ် ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ၁၇၀၀ အချိန် သေဆုံးသွားကြောင်း စစ်မေးသိရှိရသဖြင့် ၎င်းသေဆုံးခြင်း မှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် စေတုတ္တရာမြို့နယ်၊ တပွင် နယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၅) ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
Monday, July 6, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment