Monday, July 6, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ နံနက် (၅)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ တောင်တွင်းကြီး မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် တောင်ပြင်(၂) ရပ်ကွက်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံးရှေ့ သံပန်းတံခါးပေါ်တွင် လူတစ်ဦး ဇောက်ထိုး ကျ သေဆုံးနေကြောင်း မိခင်နှင့်ကလေး စောင့်ရှောက်ရေးဝန်းနေသူ မပန်းနွယ်ဝင်း မှ ဖုန်းဆက် အကြောင်းကြားသဖြင့် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း၊
သေဆုံးသူမှာ တောင်ပြင်(၂) ရပ်ကွက်နေသူ ကိုကျော်ထင်မိုး(ခ) ဘဲကြီး (၄၈)နှစ်ဖြစ်ပြီး ၄င်းသည် အရက်မူး ပြီး နေအိမ်သို့ပြန်လာစဉ် ၄င်းဖြတ်သန်း သွားလာနေကျ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းရုံး၏ အမြင့်(၅)ပေခွဲခန့်ရှိ သံပန်းတံခါး ပိတ်ထားသဖြင့် ကျော်တက်စဉ် ယာဘက်ခြေခွင်အား သံဆူးချောင်း စူးဝင်ချိတ်မိကာ ရုံးအတွင်းဘက်သို့ ပြုတ်ကျပြီး သံတံခါးသံတိုင်နှင့် ဦးခေါင်းရိုက်မိ၍ ဦးခေါင်းနောက်စေ့ (၁)လက်မခန့် ပေါက်ပြဲဒဏ်ရာ၊ ယာခြေခွင်စူးဝင်ဒဏ်ရာဖြင့် ဇောက်ထိုးကျ သေ ဆုံးနေခြင်းဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရပြီး သေဆုံးသူ၏ အစ်ကိုအရင်းဖြစ်သူ ကိုဝင်းဇော်မိုး၏ ပြောပြချက် အရ ၄င်းသည် ဇနီးဖြစ်သူ နှင့်ကွဲ၍ စိတ်ညစ်ပြီး အရက်အလွန်အကျွံ သောက်စားသွားလာ နေ တတ်ကြောင်း သိရှိရသဖြင့် ၎င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်း စစ်ဆေးနိုင်ရန် တောင်တွင်းကြီး မြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၇/၂၀၁၅)ဖြင့် အမှုရေး ဖွင့် ဆောင်ရွက် လျှက်ရှိ ကြောင်း သတင်း ရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video