၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ နံနက် (၁၀)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲကင်းစခန်းအပိုင် မြစ်သာရေလှောင်တမံ တည်ဆောက်ရေး လုပ်ငန်းခွင် နယ်မြေ၊ နှစ်သောင်းကုန်း လုပ်ငန်းခွင်ရှိ သဲရေစစ်မြေတူးခြင်း လုပ်ငန်းဆောင်ရွက်နေစဉ် အနက် (၈)ပေ၊ အကျယ် (၁၅)ပေခန့်ရှိ ကျင်းအတွင်းမှ အမှိုက်များကောက်ရန် အလုပ်သမား (၃)ဦးမှ မြေကျင်း အတွင်းသို့ ဆင်း၍ အမှိုက်များနှင့် သစ်မြစ်များအား ရှင်းလင်းကောက်နေစဉ် မြေပြိုကျမှု ဖြစ်ပွားပြီး အလုပ်သမား (၃)ဦး မြေပိမှုဖြစ်ပွားကြောင်း သတင်းအရ မင်းရွာရဲကင်းစခန်းမှူး နှင့်အဖွဲ့မှ သွားရောက် စစ်ဆေး ခဲ့ကြောင်း၊
၁၂း၁၅ နာရီအချိန် သဲရေစစ်မြေကျင်းမှ အလုပ်သမားများ၊ တည်ဆောက် ရေးလုပ်ငန်းခွင်မှ တာဝန်ရှိသူ များနှင့်အတူ မြေပိသူများအား ၀ိုင်းဝန်းတူးဖော်ခဲ့ရာ မြေပိသူ အလုပ် သမား (၃)ဦးမှာ မန္တလေးတိုင်းဒေ သကြီး၊ တောင်သာမြို့နယ်၊ ဇဂျမ်းကုန်းအုပ်စုနေသူ ဦးသန်းဝင်း (၅၁)နှစ်၊ ဂန့်ဂေါမြို့နယ်၊ လီလင်းကျေး ရွာနေသူ မဇူလိုင်မိုး (၁၇)နှစ် နှင့် သရက်ခရိုင်၊ အောင်လံ မြို့နယ်၊ ဇေယျာကျေးရွာနေသူ မချစ်စုပုံ (၁၈)နှစ် တို့ဖြစ်ကြောင်း သိရပြီး မြေပိမှုကြောင့် ဒဏ်ရာများ အသီးသီးရရှိ သေဆုံးနေကြောင်း စစ်ဆေး တွေ့ရှိရ သဖြင့် ၎င်းတို့(၃)ဦး သေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် မင်းရွာရဲကင်းစခန်းမှူး ဒုရဲအုပ် အောင်ကျော်စိန်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၁/၂၀၁၅) ဖြင့် ရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။


0 comments:
Post a Comment