Monday, July 6, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ ည(၁၁)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များနှင့် ချောက်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သက်သေ များနှင့်အတူ နယ်မြေသတင်းစုံစမ်းနေစဉ် ပျဉ်းမလမ်းအတိုင်း အနော်ရထာ တံတားဘက်သို့ ချောက်မြို့၊ အမှတ်(၇)ရပ်ကွက်နေသူ ယာဉ်မောင်း ကျော်မိုးဦး(ခ)၀င်းနိုင် (၄၃)နှစ် မောင်းနှင်လာ သည့် 8G/9993 လိုက်ထရပ် ယာဉ်အား မသင်္ကာ၍ ပျဉ်းမလမ်းပေါ်တွင် ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် ခွင့်ပြုချက်မရှိဘဲ သယ်ဆောင်လာသည့် တစ်ပေပါလျှင် ဓါတ်ဆီ(၄၅)ဂါလံခန့်ပါ ဓါတ်ဆီပေပါ(၅)လုံး (တန်ဖိုး-၃၂၈၀x၂၂၅= ၇၃၈၀၀၀ိ/-) နှင့် တစ်ပေပါလျှင် ဒီဇယ် (၄၅) ဂါလံခန့်ပါ ဒီဇယ်ပေပါ(၂)လုံး (တန်ဖိုး-၂၂၀၀x၉၀= ၁၉၈၀၀၀ိ/-) ၊ စုစုပေါင်း တန်ဖိုး ၉၃၆၀၀၀ိ/-ခန့်အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသဖြင့် တရားမ၀င် လောင်စာဆီများ သယ်ဆောင် လာသူ ကျော်မိုးဦး(ခ) ၀င်းနိုင်အား ချောက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၁၉/၂၀၁၅၊ အရေးကြီးကုန်စည်နှင့် ၀န်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်း ရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video