Monday, July 6, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ နံနက် (၁၁း၂၀)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ အောင်လံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် အောင်လံ-ပြည် လမ်းပေါ် တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ကြောင်း၊
 ဖြစ်စဉ်မှာ အောင်လံ-ပြည်လမ်းအတိုင်း အောင်လံဘက်မှ ပြည်ဘက်သို့ အောင်လံမြို့၊ စမ်းချောင်း ရပ်ကွက်နေသူ ယာဉ်မောင်း တင်ဌေးအောင် (၄၅)နှစ် မောင်းနှင်လာသည့် 5J/7809 NISSAN လိုက်ထရပ် အဖြူရောင် ယာဉ်သည် တရော်ကုန်းရပ်ကွက်၊ (၁၁)လမ်းနှင့် အောင်လံ-ပြည်လမ်းဆုံရှိ ““အောင်လံသား”” အအေးဆိုင်ရှေ့ အရောက်တွင် ရပ်တန့်ပြီး တစ်ဘက်ဘေးခုံတွင် ထိုင်နေသော မအေးစန္ဒာမှ ရုတ်တရက် တံခါးဖွင့်လိုက်စဉ် ၄င်းလမ်းအတိုင်း နောက်မှ အောင်လံမြို့၊ တရော်ကုန်း ရပ်ကွက်နေ ဦးဝင်းနိုင် (၅၄)နှစ် မောင်းနှင်သော ၆ယ/၇၈၀၇၈ Dream Honda-90 အနက်ရောင် ဆိုင်ကယ်နှင့် ကားတံခါးတို့ တိုက်မိကာ ဆိုင်ကယ် လဲကျပြီး ဦးဝင်းနိုင်တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင်ရပ်သူ တင်ဌေးအောင် အား အောင်လံမြို့နယ်၊ မြို့မရဲစခန်း၊ ယာဉ်(ပ)၄၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video