Monday, July 6, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ နံနက် (၇း၄၅) နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ သရက်မြို့၊ တောင်မင်းတည်း ရပ်ကွက်နေသူ ဦးသူရ (၃၁)နှစ် သည် ဈေးရပ်ကွက်၊ သရက်-အောင်လံ ပဲ့ထောင်ဆိပ်အနီးရှိ “ရွှေညီအစ်ကို” ဆိုင်ကယ် ကယ်ရီဂိတ်တွင် ၎င်း၏ ၂၆ယ/၉၂၆၁၁ လော့ဂျား ၁၁၀ အနက်ရောင် ဆိုင်ကယ်အား သော့တန်းလန်းဖြင့် ဂိတ်ထိုးတန်းစီ ထားပြီး မျက်နှာချင်း ဆိုင်လမ်းတစ်ဘက် ရှိ ရွှေခေတ်မီ လက်ဖက်ရည်ဆိုင်တွင် ကယ်ရီသမားများ နှင့်အတူ လက်ဖက်ရည် သောက်နေစဉ် အဆိုပါ ဆိုင်ကယ်အား လူတစ်ဦးမှ ဆွဲထုတ်ယူကာ စတက်ဖြင့်နှိုးမရသဖြင့် ကစ်နင်းတံ နင်း၍ နှိုးနေသည်ကိုတွေ့ ၍ သွားရောက်မေးမြန်းရာ သရက်မြို့နယ်၊ ကြာကန်ရွာနေသူ အောင်သူ(ခ) မောင်မောင် (၁၉)နှစ် ဖြစ်ကြောင်း သိရှိရပြီး “စီးကြည့်မလို့” ဟုပြောဆိုကာ ကမ်းနားလမ်းအတိုင်း ထွက်ပြေးသွား၍ ၀ိုင်းဝန်းဖမ်းဆီးပြီး ဆိုင်ကယ်ခိုးယူသူ အောင်သူ (ခ)မောင်မောင်အား ရဲစခန်းသို့ ခေါ်ဆောင် လာကာ အရေးယူပေးပါရန် ၅.၇.၂၀၁၅ ရက်နေ့ တွင် ဦးသူရမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် သရက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၁၈/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉ (ဆိုင်ကယ်) အရ အမှုရေးဖွင့် ဆောင်ရွက် လျှက်ရှိကြောင်း သတင်း ရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video