Monday, July 6, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ နံနက် (၁၁း၃၅)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ တောင်တွင်းကြီး မြို့၊ ရွှေအိုး(၂)ရပ်ကွက်ရှိ ဦးဌေးနိုင်၏ ပုလဲစတိုးဆိုင် အတွင်း၌ ခိုး၊ ဆိုး၊ နှိုက် သတင်း စောင့်ကြည့် စုံစမ်းနေစဉ် ကောင်တာ တွင် ဈေးဝယ်နေသည့် တောင်တွင်းကြီး မြို့နယ်၊ ကျောင်းကုန်း ရွာနေသူ မအေးသန္တာ (၃၃)နှစ်၏ လက်ကိုင်အိတ်အတွင်းမှ တစ်စုံတစ်ခုအား အမျိုးသမီးတစ်ဦးမှ နှိုက်ယူထွက်ပြေး သွားသည်ကို တွေ့မြင်ရ၍ သက်သေများ နှင့်အတူ လိုက်လံ ဖမ်းဆီးစစ်မေးရာ ရန်ကုန်တိုင်းဒေသ ကြီး၊ ရွှေပြည်သာ မြို့နယ်၊ ထန်းခြောက်ပင် ရပ်ကွက်နေသူ မ၀င်းမြင့် (၃၂)နှစ် ဖြစ်ကြောင်းသိရပြီး ၎င်းထံ မှ မအေးသန္တာ၏ လက်ကိုင်အိတ် အတွင်းမှ နှိုက်ယူသွားသည့် ငွေ ၂၄၀၀၀၀ိ/-အား တွေ့ရှိ သိမ်းဆည်း ရမိသဖြင့် မ၀င်းမြင့် အား တောင်တွင်းကြီး မြို့မရဲစခန်း (ပ)၂၇၃/၂၀၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉(နှိုက်) အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။
 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video