Monday, July 6, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ ညနေ (၅)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ စမ်းချောင်းကျေးရွာနေသူ မxxxx(၂၆)နှစ် သည် ရွာမြောက်ဘက် (၁)မိုင်ခန့် အကွာရှိ ကျောက်မိချောင်းအနီးတွင် ကျွဲကျောင်းပြီး ရွာသို့ပြန်လာရာ ရေကျော်တံတားအောက် အရောက်တွင် တံတားအနီးရှိ တောစပ်အတွင်းမှ တစ်ရွာတည်းနေ ရန်လင်းနိုင်(၁၉)နှစ်မှ စတီးဓါးဦးချွန် အား ကိုင်ဆောင် ရောက်ရှိလာကာ မxxxx၏ လက်ကိုဆွဲ၍ တောစပ်သို့ ဆွဲခေါ်သွားပြီး ပက်လက်လန် လဲကျသွားစဉ် ရန်လင်းနိုင်မှ စတီးဓါးနှင့် မxxxx၏လည်ပင်းအား ထောက်၍ အော်လျှင် သတ်ပစ်မည် ဟု ပြောဆိုပြီး သားမယား အဖြစ်(၁)ကြိမ် ပြုကျင့်ခဲ့သဖြင့် အလိုမတူဘဲ သားမယား အဖြစ် ပြုကျင့်သူ ရန်လင်းနိုင် အား အရေးယူပေးပါရန် ၅.၇.၂၀၁၅ ရက်နေ့ တွင် မxxxxမှ တရားလို ပြုလုပ် တိုင်တန်း သဖြင့် တောင်တွင်းကြီးမြို့နယ်၊ ကုက်္ကိုကုန်းနယ်မြေရဲစခန်း (ပ)၂၈/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video