၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ နံနက် (၃)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ မင်းဘူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့် ကင်းဆောင်ရွက်နေစဉ် မင်းဘူးမြို့၊ စည်ပင်သာယာဈေး အနောက်တောင်လမ်းမပေါ်တွင် မသင်္ကာ ဖွယ် လူငယ် (၃)ဦးအား တွေ့ရှိ၍ ရပ်တန့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
၎င်းလူငယ်(၃)ဦးမှာ မင်းဘူးမြို့၊ အမှတ် (၄)ရပ်ကွက်၊ သူဌေးကုန်းရပ်နေ သိန်းဇော်မင်း(၁၈)နှစ်နှင့် တစ်ရပ်ကွက်တည်းနေ စိန်ထွန်း၊ (၁၈)နှစ်၊ အောင်ဟိန်းထွဋ်(၁၈)နှစ်တို့ဖြစ်ပြီး ၎င်းတို့ထံမှ ဆင်းကဒ် မပါ စုစုပေါင်းဟန်းဆက်မျိုးစုံ(၉)လုံး၊ ဖုန်းကာဘာဘူး(၂)ဘူး (စုစုပေါင်းတန်ဘိုး ၂၇၅,ဝဝဝိ/-) ခန့် တို့အား တွေ့ရှိရပြီး ၄င်းတို့ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိ၍နေအိမ် အဆောက်အဦတစ်ခုခုအတွင်းမှ ခိုးယူလာသည့်ဟုမသင်္ကာသဖြင့် သိန်းဇော်မင်း ပါ (၃) ဦး တို့အား မင်းဘူး မြို့နယ်၊ မြို့မရဲစခန်း (ပ)၈၅/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူ ၊ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment