Sunday, July 5, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ နံနက် (၈း၁၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါ မြို့၊ မြောက်ကုန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ခရေပင်လမ်းဆုံတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဂန့်ဂေါမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဂန့်ဂေါမြို့ပြင်မှ မြို့တွင်းသို့ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်နေဦးစန်းဝင်း (၄၈)နှစ် မောင်းနှင်လာသည့် YGN 9B/-xxx ၊ (MTL) Nissan Diesel (၁၂)ဘီးအပြာနုရောင် ယာဉ်နှင့် ၊ ကျောတိုက်ရပ်ကွက်မှ ဗိုလ်ချုပ်လမ်းပေါ်သို့ ဂန့်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက်နေ ဦးစံရှား (၆၅)နှစ် မောင်းနှင်သည့် 7H-xxx ၊ Landcruser Prado အနက်ရောင်ယာဉ်တို့ ကန့်လန့်ဖြတ်တိုက်မိရာ ထိခိုက် ဒဏ်ရာရရှိမှုမရှိဘဲ (၁၂)ဘီးယာဉ် ဦးခေါင်းပိုင်း ယာဘက်အစွန်းတွင် ပိန်ချိုင့်ပျက်စီးသွားပြီး တန်ဘိုး (၅)သောင်းခန့်၊ Landcruser Prado ယာဉ်တွင် ဦးခေါင်းပိုင်းပိန်ချိုင့်၊ အဲယားကိုလာ(၁၅)သိန်းခန့် ၊ ရေ တိုင်ကီ(၁၅)သိန်းခန့်၊ ယာဘက်ရှေ့ မီးသီးအကြီး (၁ဝ)သိန်းခန့်၊ ရှေ့ရှဲနှင့်ဗန်ကာ (၁၅)သိန်းခန့် ၊ ဘောနတ်အဖုံး(၁၅)သိန်းခန့် ၊ စုစုပေါင်းသိန်း (၇ဝ)နှင့် (၅)သောင်းခန့် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ယာဉ် မဆင်မခြင် မောင်းနှင်သူ ဦးစန်းဝင်းနှင့် ဦးစံရှားတို့အား ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၂၆/၂ဝ၁၅ ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၇၉ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video