Saturday, July 4, 2015



ပခုက္ကူ ဇူလိုင် ၃
၂၀၁၅ခုနှစ်၊ ဇူလိုင်(၃) တွင်ကျရောက်သော မြန်မာ အမျိုး သမီးများနေ့ အထိမ်းအမှတ် အခမ်း အနားကို ဇူလိုင်လ(၃) ရက်နေ့  နံနက်(၉)နာရီခွဲ အချိန် ပခုက္ကူမြို့  ပြည်သာယာ ခန်းမတွင် ပခုက္ကူ ခရိုင် အမျိုးသမီးရေး ရာ အဖွဲ့ က ကြီးမှူးကျင်ပ ပြုလုပ်ခဲ့သည်။
အခမ်အနားတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ခင်ဆွေဝင်က ဂုဏ်ပြုအမှာ စကားပြော ကြားခဲ့သည်။ ၄င်းနောက် မြိုင်မြို့ နယ်ကိုယ်စားပြု အမျိုးသမီးငယ်လေးများက ဆေးရောင်စုံ ယိမ်းဖြင့်လည်းကောင်း၊ ပခုက္ကူမြို့ နယ် ကိုယ်စားပြု အမျိုးသမီးများက စံကားဝါမြေ ယိမ်းဖြင့်လည်းကောင်း ၊ပခုက္ကူ ခရိုင်တွင်းရှိ မြို့ နယ်(၅) မြို့ နယ်မှ အမျိုးသမီး များမှ မြန်မာ့ရိုးရာ ၀တ်စားဆင်ယင် ထုံးဖွဲ့ မှုတို့ ကိုပြသခြင်း ၊ Actionaid (Myanmar) ဖွဲက အမျိုးသမီးများ အင်တာနက် အန္တရယ် တစ်ရပ်ပြဇာတ်ဖြင့် ဂုဏ်ပြုဖျော်ဖြေ ကပြခဲ့သည်။
ထို့ နောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့  ဥက္ကဌ နှင့်တာဝန်ရှိသူမျာက နိုင်ငံတော်အဆင့် ထူးချွန် ဆုရအမျိုးသမီးလေးနှင့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် တွင်ဘာသာစုံဂုဏ်ရှင်နှင့် ၅ဘာသာ ဂုဏ်ရှင်ကျောင်းသူသူလေးများ ၊မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်စာစီ စာကုံးပြိုင်ပွဲတွင်ဆု ရရှိသောကျောင်းသူလေးများကိုဆုများအသီးသီးပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အား အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းခဲ့ရာ ခရိုင်အမျိုးသမီးရေး ရာအဖွဲ့  ဥက္ကဌ ဒေါ်ခင်ဆွေဝင်းက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး အခမ်းအနားတွင် ကပြဖျော်ဖြေသွားသော ယိမ်းအဖွဲ့ များအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ သည်။
အဆိုပါ အခမ်းနားသို့  ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့ ဝင်များ၊မြို့ နယ်များမှ အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဌနှင့် အဖွဲ့ များ ဆုရကျောင်းသူလေးများ၊ဖျော်ဖြေရေးအဖွဲ့ များ၊ အလှူရှင်များ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။                

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video