၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ ညနေ (၆) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ စေတုတ္တရာမြို့နယ်၊ စေတုတ္တရာ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် စေတုတ္တရာ မြို့နယ်၊ ခြင်ပစ်ကိုင်း ကျေးရွာနေ ဦးသန်းစိုး (၆၀)နှစ် သည် အောက်ပုံကျေးရွာ အနောက်ဘက် (၂)ဖာလုံခန့်အကွာ ပလောင်ချောင်းအစပ် ရေမရှိသော နေရာတွင် မှောက်လျှက် အနေအ ထားဖြင့် ပြင်ပဒဏ်ရာ မရှိဘဲ သေဆုံး နေကြောင်း အလယ်ပုံကျေးရွာ ဆယ်အိမ်စုမှူးမှ ဖုန်းဆက် အကြောင်းကြား သဖြင့် သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးရာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရဘဲ သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ၎င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/ မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် စေတုတ္တရာမြို့နယ်၊ မြို့မရဲစခန်းသေမှုသေခင်း အမှတ်စဉ် (၂/၂၀၁၅) ဖြင့် အမှုရေးဖွင့် ဆောင်ရွက် လျှက် ရှိကြောင်း သတင်း ရရှိပါသည်။
Monday, July 6, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment