၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ နံနက် (၇)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ ဂွေးတောက်ကုန်း ကျေးရွာနေ ဦးသိန်းအောင် (၇၀)နှစ်သည် နွားကျောင်းသွားရာ ညနေ (၆)နာရီအချိန်တွင် နေအိမ်သို့ နွားများပြန်လည် ရောက်ရှိ လာသော်လည်း ဦးသိန်းအောင် မှာ ပြန်လည် ရောက်ရှိလာခြင်းမရှိသဖြင့် အတူနေ သားဖြစ်သူ ဦးအော်ကြီးမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်တင့်ထံ အကြောင်းကြားပြီး ရွာသားများနှင့်အတူ လိုက်လံရှာဖွေရာ ဂွေးတောက်ကုန်းကျေးရွာ အရှေ့မြောက် (၂)မိုင်ခန့်အကွာ နတ်မောက်တမံသို့ စီးဝင်သည့် ကျောက်ကြားရိုး ချောင်းစပ်နှင့် (၄)ပေခန့် အကွာတွင် ဦးသိန်းအောင်၏ သဲကြိုးအပြာရောင် ဆင်ကြယ်ဖိနပ်အား တွေ့ရှိခဲ့ပြီး ဆက်လက် ရှာဖွေခဲ့ရာ ၅.၇.၂၀၁၅ ရက်နေ့ နံနက် (၁၁း၅၀)နာရီ အချိန်ခန့်တွင် ချောင်း၏ ကမ်းစပ်မှ အတောင် (၃၀)ခန့် အကွာ ရေအနက် (၆)တောင်ခန့်တွင် ငါးဖမ်းပိုက်ဖြင့် ဆယ်ယူရှာဖွေရာမှ ပိုက်ထဲတွင် ဦးသိန်းအောင်၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိ၍ စစ်ဆေးရာ ပြင်ပဒဏ်ရာ တစ်စုံ တစ်ရာ မတွေ့ရှိရဘဲ ရေနစ်သေ ဆုံး နေသည်ကို တွေ့ရှိရ၍ ၎င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်း စစ်ဆေးနိုင်ရန် နတ်မောက်မြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၄/၂၀၁၅) ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
Monday, July 6, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment