Monday, July 6, 2015
1:48 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ကံမ ဇူလိုင် ၎
သရက်ခရိုင်၊ ကံမမြို့နယ်၊ ပယ်ကျကျေးရွာအုပ်စု တောင်ပို့နီကျေးရွာ တွဲဘက်အခြေခံပညာမူလတန်းကျောင်းအဖြစ်မှ အခြေခံပညာမူလတန်းကျောင်းခွဲ အဆင့်သို့တိုးမြှင့်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီကကျင်းပ
ခဲ့သည်။ကျောင်းဆောင်အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ချင်းတိုင်းရင်းသား
ရေးရာဝန်ကြီး ဦးဆလိုင်းလှထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်မြင့်ဦး နှင့် လက်ထောက်ပညာရေးမှူးဦးမြင့်ထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ၀န်ကြီးက ကျောင်းသုံးစာရေးကိရိယာများပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါကျေးရွာသည် ချင်းတိုင်းရင်းအများစုနေထိုင်ကြပြီး ပယ်ကျကျေးရွာနှင့်အနီးပတ်ဝန်းကျင်ကျေးရွာများမှ အိမ်ထောင်စုအချို့သည် တောင်ယာ
စိုက်ပျိုးလုပ်ကိုင် အသက်မွေးဝမ်းကျောင်းပြုရန်အတွက်ရွှေ့ပြောင်းခဲ့ကြရာမှ ရွာတည်
ခဲ့ကြခြင်းဖြစ်သည်။ ယခင်က တွဲဘက်မူလတန်းကျောင်အဆင့်သာ ရှိခဲ့ရာမှ
အိမ်ထောင်စု လူဦးရေတိုးပွားလာပြီး ကျောင်းသားဦးရေ ၂၂ ဦးထိ တိုးမြင့်လာ၍ ယနေ့အချိန်တွင် မူလတန်းကျောင်းခွဲ အဖြစ်တိုးမြှင့်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။စာသင်ကျောင်းအဆောက်အဦမှာ သက်ငယ်မိုး၊၀ါးထရံကာဖြစ်ပြီး ကိုယ်အားကိုယ်ကိုးဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment