Monday, July 20, 2015


မြို့သစ်  ဇူလိုင်   ၁၆ 
           မကွေးခရိုင် မြို့သစ်မြို့နယ်အမှတ်၁အခြေခံပညာအထက်တန်းကျောင်း၂၀၁၅
၂၀၁၆ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်နေ့အခမ်းအနားကို မြို့သစ်မြို့
အမှတ်၁အခြေခံပညာအထက်တန်းကျောင်းရတနာခန်းမတွင်နေ့လည်၁း၀၀နာရီအချိန်
ကကျင်းပပြုလုပ်သည်။
             ရှေးဦးစွာ မြို့သစ်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်
အုပ်ချုပ်ရေးမှုးဦးဗိုလ်အောင်မောင်မောင်ကအဖွင့်အမှာစကားပြောကြားပြီးအငြိမ်းစား
ပညာရေးမှုးဦးကျော်ဝင်း မြို့နယ်ပညာရေးမှုးဒေါ်ခင်အုံးမြတိုက တက်ရောက်လာကြသော
ဆရာ/ဆရာမများ ကျောင်းသားမိဘများနှင့်ဆွေးနွေးမှုများပြုလုပ်ကာ ကလေးများ
အတွက်၂၀၁၅  ၂၀၁၆  ပညာသင်နှစ်အတွက် အောင်ချက်မြင့်မားစေရန် ရည်ရွယ်ပြီးမိဘ
  ဆရာ  ပူးပေါင်းဆောင်ရွက်ကာပညာရေးကဏ္ဍ မြင့်တင်ပေးသွားမည်ဖြစ်ကြောင်း
 ဆွေးနွေးခဲ့သည်။
               သဘာပတိဖြစ်သောအမှတ်၁ အခြေခံပညာအထက်တန်းကျောင်း  ကျောင်းအုပ်
ဆရာကြီးဦးကျော်စိုးက၂၀၁၅  ၂၀၁၆အမှုဆောင်အဖွဲ့ဖျက်သိမ်းခြင်းနှင်၂၀၁၅-၂၀၁၆ အမှု
ဆောင်အဖွဲ့အသစ်ရွေးချယ်ခြင်းများကိုတက်ရောက်လာသောမိဘပြည်သူ
များ၏သဘောထားရယူကာ အသစ်ပြန်လည်ဖွဲ့စည်းပေးခဲ့သည်။
                အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ ဆရာ  ဆရာမများ ကျောင်း
သားမိဘ  များ စုံညီစွာ တက်ရောက်ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video