Monday, July 20, 2015

သရက် ဇူလိုင် ၁၇
    မကွေးတိုင်းဒေသကြီး သရက်မြို့တွင်၌ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ပညာပေးဟောပြောခြင်း အခမ်း အနားကို ယနေ့ နေ့လည်(၁)နာရီက သရက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စိန်ရတု ခန်းမတွင်  ကျင်းပရာ ဖိတ်ကြားထားသည့် မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ၊ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ ဆရာမများများ၊ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
    အဆိုပါ အခမ်းအနားတွင် ရှေ့ဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း
 ကျောင်းအုပ်ဆရာမကြီး ဒေါ်ရင်ရင်ရွှေက အဖွင့် အမှာစကားပြောကြားပေးပြီး မြို့နယ် အထောက်အကူပြု ဥက္ကဌ ဦးတင်အောင်မြင့်မှ  ယာဉ်စည်းကမ်း/လမ်းစည်းကမ်း စနစ်တကျ လိုက်နာဆောင်ရွက်နိုင်ရေး
 ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အုန်းဟန်ဦးမှ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရမည့်    အချက်များအား နှင့်ပတ်သက်၍အကျယ်တ၀င့် ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
    ယင်းနောက်  ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု့ ဦးစီးဌာနခရိုင်ရုံး(သရက်) ဒုဦးစီးမှူး ဦးအောင်နိုင်ဦး မှ    ယာဉ်စည်းကမ်းလမ်းစည်းကမ်း အကြောင်းအရာများ အကျယ်တ၀င့်ရှင်းလင်းဆွေးနွေးပြီး ယာဉ်မောင်းစစ်ဆေး       ရေးမှူး ဦးဌေးဝင်းမှ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်သည့် လမ်းညွှန်၊လမ်းအမှတ်သားများအား သဘောပေါက် နာလည်အောင်ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဒုမြို့နယ် ဥပဒေအရာရှိ ဦးငြိမ်းချမ်းရွှေပြည် မှ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဆိုင်ရာ ပြစ်မှု့ဥပဒေပုဒ်မများအား ရှင်းလင်းပြောကြားပေးပြီး ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှု့ ဦးစီးဌာန ခရိုင်ရုံး(သရက်)မှ ၀န်ထမ်းများက ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ အား တက်ရောက်လာသူများအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
                                                                                                    ဇော်ထက်(သရက်)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video