Monday, July 20, 2015


နတ်​​မောက်​               ဇူလိုင်​၂၀
မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့ဗိုလ်​ချုပ်​​အောင်​ဆန်း​နေအိမ်​ပြတိုက်​အဝင်​\အထွက်​တံခါဖွင့်​ပွဲကို(၆၈)နှစ်​​မြောက်​အာဇာနည်​​နေ့ဇူလိုင်​၁၉ရက်​နံနက်​၇နာရီကအဆိုပါပြတိုက်​တွင်​ကျင်းပသည်​။
အခမ်းအနားတွင်​နတ်​​မောက်​မြို့ဒီပင်္ကရာ​ကျောင်းတိုက်​ဒုတိယနာယကဆရာ​တော်​ဘဒ္ဒန္တစန္ဒဝံသမှသြဝါဒမိန့်​ကြားခဲ့ပြီးအလှူရှင်​မန္တ​လေးမြို့​ဆွေသဟာသူငယ်​ချင်းများတစ်​စုကိုယ်​စားဦး​အေးမင်းမှအဝင်​\အထွက်​တံခါးကြီးလှူဒါန်း​ပေးရခြင်းဝမ်းသာမှုစကားများ​ပြောကြားခဲ့သည်​။ထို့​နောက်​ယဉ်​​ကျေးမှုဝန်​ကြီးဌာန၊​ရှေး​ဟောင်းသု​တေသနနှင့်​အမျိုးသားပြတိုက်​ဦးစီးဌာန၊ဒုတိယညွှန်​ကြား​ရေးမှူးချုပ်​ဦးကိုကိုနိုင်​နှင့်​ဗိုလ်​ချုပ်​ရာပြည့်​ပွဲကျင်းပ​ရေး​ကော်​မတီအတွင်း​ရေးမှူးတို့က​ကျေးဇူးတင်​စကားများ​ပြောကြားပြီးဗိုလ်​ချုပ်​​အောင်​ဆန်း​နေအိမ်​ပြတိုက်​အဝင်​\အထွက်​တံခါးအလှူရှင်​အားဂုဏ်​ပြုမှတ်​တမ်းလွှာပြန်​လည်​​ပေးအပ်​ခဲ့သည်​။ဆက်​လက်​၍သြဝါဒစရိယဆရာ​တော်​ကြီးများ၊ယဉ်​​ကျေးမှုဝန်​ကြီးဌာန၊​ရှေး​ဟောင်းသု​တေသနနှင့်​အမျိုးသားပြတိုက်​ဦးစီးဌာန၊ဒုတိယညွှန်​ကြား​ရေးမှူးချုပ်​နှင့်​တာဝန်​ရှိဌာနဆိုင်​ရာများ၊မြို့နယ်​အုပ်​ချုပ်​​ရေးမှူးတို့ကတံခါးအသစ်​အား​အောင်​သ​ပြေခက်​နှင့်​အ​မွှေးနံ့သာများပတ်​ဖြန်း၍ဗိုလ်​ချုပ်​​နေအိမ်​ပတ်​ဝန်းကျင်​အားလိုက်​လံကြည့်​ရှုခဲ့​ကြောင်းသိရသည်​။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video