Friday, July 17, 2015

ငဖဲ     ဇူလိုင်     ၁၆
    မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် သာယာကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၄)ရွာမှ အကြောင်း အမျိုးမျိုးကြောင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန် ကျန်ရှိနေသူများအား မိုးပွင့် (အထူး)စီမံချက်အရ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနဦးစီးမှူးနှင့်ဝန်ထမ်းများက သာယာကုန်းကျေးရွာ အုပ်ချုပ်မှူးရုံးတွင် ဇူလိုင် ၁၅ ရက်နေ့က ကွင်းဆင်းဆောင်ရွက်ရာ မင်းဘူးခရိုင် လ၀ကဦးစီးဌာနမှူးဦးကျော်ဌေးမှ မိုးပွင့်(အထူး)စီမံချက် နိုင်ငံသားစိစစ်ရေးကတ်ပြား
လုပ်ငန်းနှင့် ပတ်သက်၍ ဒေသခံကျေးရွာပြည်သူများ သိရှိသင့်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။
    ထိုသို့ဆောင်ရွက်ရာတွင် သာယာကုန်းအုပ်စုအတွင်းမှ အသက်(၁၈)နှစ် ပြည့်ပြီး  နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများအား စီစစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြုလုပ်ရန်ကျန်ရှိနေသူ (၆၄)ဦးအား နေ့ချင်းပြီးဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video