Friday, July 17, 2015

ပေါက်     ဇူလိုင်     ၁၆
    မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၏ လမ်းညွှန် ချက်နှင့်အညီ မိုးဦးကျရာသီတွင် အဖြစ်များသော ပိုးလောက်လန်းလေးများ ပေါက်ပွားမှု မှတဆင့် ငှက်ဖျားရောဂါ၊သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများလျော့ကျစေရန် ရည်ရွယ်၍ ရောဂါ ကြိုတင်ကာကွယ်ရေး အစီအစဉ်တစ်ရပ် အနေဖြင့် ဇူလိုင် ၁၄ ရက်နှင့် ၁၅ ရက်နေ့
များတွင် ပေါက်မြို့ပေါ်ရှိ စည်ပင်သာယာရေးအဖွဲ့ ပိုင်ဈေး၊မြို့နယ်ပြည်သူ့ဆေးရုံဝန်း၊အခြေခံပညာအထက် တန်းကျောင်း၊ မူလတန်းကျောင်း(၄)ကျောင်းနှင့် နေ့ကလေးထိမ်းကျောင်း၊ ရဲစခန်းတန်းလျား၊ ရပ်ကွက်ဓမ္မာရုံတို့တွင် ခြင်ဆေးပက်ဖျန်းခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေး
 အမှုဆောင် အရာရှိ ဦးလင်းမင်းညွှန့်မှ အနီးကပ်ကြီးကြပ်၍ သက်ဆိုင်ရာ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေး မှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းနှင့် ကာကွယ်ဆေးပက်ဖျန်းပေးခြင်းမှာထိရောက်သည့်
 ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းဖြစ်သည့်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် ပူပေါင်းကာ ဆက်လက်ပက်ဖျန်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video