Friday, July 17, 2015

ဆော ဇူလိုင် ၁၆
    ပြည်သူများ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွါးရေးအတွက် သွေးလွန်တုတ်ကွေးရောဂါကာကွယ်
ထိန်းချုပ်ရေးလုပ်ငန်းများကို ဂန့်ဂေါခရိုင် ဆောမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဦးဆောင်လျှက်
မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့အပြင် လူမှုရေးအသင်း၊အဖွဲ့တို့နှင့် ပူးပေါင်း ဆောင်ရွက်လျှက်ရှိသည်။
ထိုသို့ဆောင်ရွက်ကြရာတွင် ရပ်ကွက်/ကျေးရွာများရှိ နေအိမ်များတွင် ဖုံး၊သွန်၊လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေတွင်ပေါက်ပွါးစေနိုင်သော ခိုအောင်းခြင်းမပြုနိုင်စေရန် ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း တို့ကို စုပေါင်းဆောင်ရွက်ကြသည်။
    သွေးလွန်တုတ်ကွေးရောဂါသည် ကလေးရော၊ လူကြီးပါသေဆုံးနိုင်ပြီး မြန်မာနိုင်ငံတွင် ယခုနှစ် အတွင်း
သွေးလွန်တုတ်ကွေးဖြစ်ပွါးသူ တစ်သောင်းကျော်ရှိကြောင်းနှင့်ယင်းအနက်သေဆုံးသူ
 လေးဆယ် ကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video