Friday, July 17, 2015
3:28 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ဂန့်ဂေါ ဇူလိုင် ၁၆
တရားဝင်တင်သွင်းခြင်းမဟုတ်သည့် အစားအသောက်များအား ရောင်းချခြင်းမပြုရေး၊ သန့်ရှင်းလတ်
ဆတ်သောအစားအသောက်များသာ ရောင်းချရေးတို့အတွက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
၊ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၆ ရက်တွင် ဂန့်ဂေါမြို့ပေါ်ရပ်ကွက်များရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများ၌ ရောင်း ချလျှက်ရှိသော မုန့်ဈေးတန်းများအား သွားရောက်ကြည့်ရှုစစ်ဆေး၍ မုန့်ဈေးတန်းရောင်းချသူများနှင့်တွေ့ဆုံ ကာ ကျောင်းသား၊ ကျောင်းသူများကျန်းမာရေး ထိခိုက်စေမည့် အစားအသောက်များ ရောင်းချခြင်းမပြုရေး ဆွေးနွေးကြသည်။
“ ကျောင်းသူ/ကျောင်းသားတွေ ဝမ်းပျက်၊ဝမ်းလျှောရောဂါမဖြစ်ပွါးရေးအတွက် အဓိကထား စစ်ဆေး ပညာပေးဆွေးနွေးတာပါ၊အမှည့်လွန်သစ်သီး၊ယင်နားစာ၊သတ်မှတ်ရက်လွန်အစားအသောက်တွေ
ရောင်းချ ခြင်းမပြုဖို့ ဈေးသည်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ် “ ဟု အဆိုပါစစ်ဆေးရာတွင်ပါဝင်သည့် ကျန်းမာရေး ဌာနဝန်ထမ်းတစ်ဦးကပြောသည်။
ဂန့်ဂေါမြို့နယ်တွင် ကျန်းမာရေးဌာန နယ်မြေအလိုက် ကျောင်းမုန့်ဈေးတန်းများအား စစ်ဆေးပညာပေး ဆွေးနွေးကြလျှက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးအတွက် အဆိုပါကျောင်းမုန့်ဈေးတန်းများအားစစ်ဆေးပညာပေးခြင်းလုပ်ငန်းကိုအဆက်မပြတ်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment