Monday, July 20, 2015


မြို့သစ်   ဇူလိုင်  ၁၈
            မြို့သစ်မြို့နယ် မြို့နယ်သစ်တောဦးစီးဌာနကကြီးမှုးကျင်းပသော၂၀၁၅ခုနှစ်
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို မြို့သစ်မြို့ မင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်း
ဝန်းအတွင်း နံနက၇နာရ်ီအချိန်က ကျင်းပခဲ့သည်။
            ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်ဝင်းက မိခင်နှင့်
ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌသို့လည်းကောင်း မြို့နယ်အုပ်ချုပ်ရေးမှုး
ကအမျိုးသမီးရေးရာအဖွဲ့ကိုလည်းကောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲမှုး ရဲထွဋ် က စစ်မှုထမ်း
ဟောင်းအဖွဲ့သို့လည်းကောင်း ပျိုးပင်များကိုအသီးသီးပေးအပ်ခဲ့ပြီး သတ်မှတ်နေရာများတွင် တွင်
သစ်ပင်များကိုတစ်ပျော်တစ်ပါး စိုက်ပျိုးပေး
ခဲ့သည်။
               စိုက်ပျိုးခဲ့သောပျိုးပင်ပေါင်း၃၀၅ပင်အနက် ကျွန်းနှင့် ယူကလစ်ကိုအများ
ဆုံးစိုက်ပျိုးခဲ့သည်။ အဆိုပါစိုက်ပျိုးပွဲကိုဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်ဝန်ထမ်းများ
မြို့နယ်အထောက်အကူပြုအဖွဲ့များ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ
အမျိုးသမီးရေးရာအဖွဲ့ဝင်မျာ်း မီးသတ်တပ်ဖွဲ့ဝင်များနှင့်အခြား(NGO)
အဖွဲ့များဆရာ/ဆရာမများကစုပေါင်းညီညာစွာဖြင့်တစ်ပျော်တစ်ပါးစိုက်ပျိုးပေးခဲ့ကြောင်း
သတင်းရရှိသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video