Monday, July 20, 2015


နတ်​​မောက်​             ဇူလိုင်​၁၈
နတ်​​မောက်​မြို့ဆု​တောင်းပြည့်​ဘုရားကြီး​ကျောင်းတိုက်​ဇာနည်​​မြေမျိုးဆက်​ပည့ာပန်းခင်းအခမဲ့အလွတ်​ပညာသင်​​ကျောင်းမှ၂၀၁၅ခုနှစ်​တက္ကသိုလ်​ဝင်​စာ​မေးပွဲ​အောင်​မြင်ခဲ့​သော​ကျောင်းသား\သူများအားဂုဏ်
ပြုချီးမြှင့်​ပွဲအခမ်းအနားကိုဇူလိုင်​၁၈ရက်​နံနက်​၈နာရီကအဆိုပါ​ကျောင်းတွင်​ကျင်းပသည်​။
အခမ်းအနားတွင်​နာယကဆရာ​တော်​ဦဝါယမမှဂုဏ်​ပြုသြဝါဒချီးမြှင့်​ခဲ့သည်​။ဆက်​လက်​၍မြို့နယ်​အုပ်​ချုပ်​​ရေးမှူးဦး​ဌေး​အောင်​မှဇာနည်​​မြေမျိုးဆက်​ပည့ာပန်းခင်း​၏​ကျောင်းဂုဏ်​ကိုနှစ်စဉ်​မြင့်​တင် 
ပေးရန်​နှင့်​အမြဲထာဝရတည်​တံ့ခိုင်​မြဲ​စေရန်​တို့ကို​ပြေကြားခဲ့ပြီးဇာနည်​​မြေမျိုးဆက်​ပည့ာပန်းခင်း​ကျောင်းအုပ်​ချုပ်​မှု​ကော်​မတီဥက္ကဌဦးလှရှိန်​မှယခင်​နှစ်​​ကျောင်းသား\သူ​အောင်​မြင်​မှုနှင့်​၂၀၁၅ခုနှစ်​​အောင်​မြင်​သည့်​​ကျောင်းသား\သူများ၏တိုးတက်​နိုင်းယှဉ်​မှုများကိုအကျယ်​တဝန်းရှင်းလင်း​ပြောကြားခဲ့သည်​။ထို့​နောက်​၂၀၁၅ခုနှစ်​တက္ကသိုလ်​ဝင်​စာ​မေးပွဲ​အောင်​မြင်​​သော​ကျောင်းသား\သူ(၁၃)ဦးအားမြို့နယ်​အုပ်​ချုပ်​​ရေးမှူး၊ဇာနည်​​မြေမျိုးဆက်​ပည့ာပန်းခင်းအခမဲ့အလွတ်​ပညာသင်​​ကျောင်း​ကော်​မတီဝင်​များနှင့်​အလှူရှင်​များကတစ်​ဦးချင်းစီဂုဏ်​ပြုလက်​မှတ်​နှင့်​ဆုများအသီးသီးချီးမြှင့်​ခဲ့သည်​။၂၀၁၅_၂၀၁၆ပညာသင်​နှစ်​ဇာနည်​​မြေမျိုးဆက်​ပည့ာပန်းခင်းတက္ကသိုလ်​ဝင်​​ကျောင်းသား\သူ(၃၁)ဦးအားမြို့နယ်​စည်​ပင်​သာယာ​ရေးအဖွဲ့(AE)ဦးခိုင်​​ဇော်​မိုးမိသားစုမှဗလာစာအုပ်​တစ်​ဒါဇင်​နှင့်​​ဘော့ပင်​(၆)​ချောင်းတစ်​ဦးစီအားလှူဒါန်း​ပေးခဲ့​ကြောင်းသိရသည်​။       

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video