နတ်မောက် ဇူလိုင်၁၀
နတ်မောက်မြို့ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနမှအခြေခံပညာကျောင်းများ၏
စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကိုယမန်နေ့နံနက်ပိုင်းတွင်မြို့ပေါ်ရှိ
ကံကြီးရပ်ကွက်မူလတန်းကျောင်းနှင့်ဈေးရပ်ကွက်ရှိမူလတန်းကျောင်းများတွင်ကျင်းပသည်။
အဆိုပါမူလတန်းကျောင်းများတွင်နတ်မောက်မြို့နယ်ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန
၊မြို့နယ်တာဝန်ခံမှစားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာဥပဒေအကြောင်းအရာများနှင့်စားသုံးရန်မသင့်
သည့်မုန့်မျိုးစုံကုန်ပစ္စည်းများ၊ဓါတုဆိုးဆေးကင်းလွတ်သည့်အစားအစာများစားသုံးရန်တို့ကိုဆွေးနွေးဟောပြော
ခဲ့ပြီးမြို့သစ်မြို့နယ်ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနုမြို့နယ်တာဝန်ခံမှနတ်မောက်မြို့ပေါ်
ရှိကျောင်းနှစ်ကျောင်းအားတက်ရောက်လာသောဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူများနှင့်ကျောင်းရှိ
မုန့်ရောင်းဈေးသည်များကိုလည်းစားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်
များနှင့်နိုင်ငံပိုင်သတင်းစာများတွင်ကြေငြာထားသည့်စားသုံးရန်မသင့်သောကုန်ပစ္စည်းအမည်စာရင်းများ
ကိုကျောင်းနှစ်ကျောင်းအားဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိသည်။
Friday, July 10, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment