ငဖဲ ဇူလိုင် ၉
ငဖဲမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Save the Children ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် 3MDG တို့ပူးပေါင်း၍ လူထုကျန်းမာရေးလုပ်သား သင်တန်းဖွင့်ပွဲကို
ဇူလိုင် ၈ ရက် နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းဇော်မှ သင်တန်းဖွင့်အမှာစကားပြောကြား ခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်အောင်က ကျေးလက်ဒေသ အောက်ခြေအထိ
ပြည်သူလူထုကိုပမာဏကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးအတွက်လူထုကျန်းမာရေး သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် Save the Childrenမှ အကြီးတန်းစီမံချက်အရာရှိ ဒေါက်တာနိုင်မင်းစိုး ကမိမိတို့အဖွဲ့အစည်းအနေဖြင့်သင်တန်းတွင် အပြုသဘောဆောင်သောပူးပေါင်းပါဝင်မှု့စနစ်ဖြင့်
ဆောင်ရွက်သွားမည်ဖြစ်ပြီး သွာလာရေးခက်ခဲသော ကျေးလက်ဒေသများတွင် ကျန်းမာရေးစောင့် ရှောက်မှုလိုအပ်ချက်(ဆေးဝါး)များ ဖြည့်ဆည်းပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
သင်တန်းတွင် ငဖဲမြို့နယ်တောင်ပေါ်ဒေသကျေးရွာများမှ သင်တန်းသား သင်တန်းသူ(၂၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇူလိုင် ၈ ရက်နေ့မှ (၂၈)ရက်နေ့အထိ (၂၁)ရက် စာတွေ့သင်ကြားပြီး (၁)ပတ်ကြာ ကျေးလက်ကျန်းမာရေးဆေးခန်းများတွင် လက်တွေ့သင်ကြားသွား မည်ဖြစ်ကြောင်း သိရသည်။
Friday, July 10, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment