Friday, July 10, 2015

ချောက် ဇူလိုင် ၉ ရက်
ချောက်မြို့နယ် မြန်မာ့ရေနံနှင့်ဓာတု ဗေဒလုပ်ငန်း အမှတ် ၂ ရေနံချက်စက်ရုံ ရှင်းလင်းခန်းမတွင်စက်ရုံဝန်ထမ်းများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဟောပြော
ပွဲကို ယနေ့နံနက် ၉ နာရီကကျင်းပသည်။
စက်ရုံမှူး ဦးဝင်းချိုမှအဖွင့်အမှာစကား ပြောကြားပြီး ခေတ္တ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးအေးကိုကို ရဲအုပ်ဘတိုး ရဲအရာခံဗိုလ် ဘသာ တို့မှယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာသိကောင်းစရာများ ပြစ်မှု ပြစ်ဒဏ်များ ယာဉ်မောင်းရာတွင် လိုက်နာရမည့် စည်းကမ်းများ လမ်းအသုံးပြုသူများ လိုက်နာရမည့် စည်းကမ်းများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲကို စက်ရုံဝန်ထမ်း ၄၀၀ ဦးခန့် တက်ရောက်ခဲ့ ကြောင်းသိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video