Friday, July 10, 2015
10:51 AM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး ဇူလိုင် ၉
မကွေးတိုင်းဒေသကြီး၏ ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းစဉ် အခြေအနေအစီရင်ခံစာ တရားဝင်ထုတ်ပြန်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက မကွေးမြို့ မြို့တော်ခန်းမတွင်
ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေ၀င်းက အမှာစကားပြောကြားပါသည်။
ဆက်လက်ပြီး UNDP မှ ဦးအေးလွင်က ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းစဉ်လေ့လာမှုအကြောင်းကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဆွေက မကွေးတိုင်းဒေသကြီး၏ ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းစဉ် အခြေအနေအစီရင်ခံစာ တရားဝင်ထုတ်ပြန်ခြင်း အခမ်းအနား ပြုလုပ်ရခြင်း၏ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးကာ မကွေးတိုင်းဒေသကြီး၏ ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းစဉ် အခြေအနေအစီရင်ခံစာအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေ၀င်းထံလွှဲပြောင်းပေးအပ်ပါသည်။
ထို့နောက် ပြည်သူ့တို့ရဲ့အသံ မှတ်တမ်းတင် ရုပ်ရှင်ကားအား ပြသခဲ့ပြီး ဒေသန္တရအုပ်ချုပ်ရေးလုပ် ငန်းစဉ်နှင့်ပတ်သက်သော စာအုပ်၊ စာစောင်၊ ပိုစတာနှင့် ဓါတ်ပုံများ ခင်းကျင်းပြသထားမှုအား ကြည့်ရှုပါသည်။
ယင်းနောက် အုပ်ချုပ်ရေးလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်အောင် မည်သို့လုပ်ဆောင်ကြမည်နည်း ဟုသော ခေါင်းစဉ်ဖြင့် အုပ်စုဖွဲ့ဆွေးနွေးကြပါသည်။ ဆက်လက်ပြီး အုပ်စုဖွဲ့ဆွေးနွေး မှုရလဒ် များကို ပြန်လည် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment