Friday, July 10, 2015
10:49 AM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ထီးလင်း ဇူလိုင် ၉
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များကျရောက်လာပါက ကယ်ဆယ်ရေးလုပ် ငန်းများဆောင်ရွက်နိုင်ရန် မြို့နယ်မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ လေ့ ကျင့်ဆောင်ရွက်လျှက်ရှိသည်။
ထိုသို့လေ့ကျင့်ရာတွင် ထီးလင်းမြို့အနီး ဖြတ်သန်းစီးဆင်းသော မောချောင်းအတွင်း ရေနစ်သူအား အသက်ကယ်ဘောကြီးများကို အသုံးပြု၍ကယ်ဆယ်ခြင်း၊ မီးဘေးကြုံလာသည့်အခါ ကယ်တင်ခြင်း ကယ်ဆယ် လာခဲ့သူများအား ကျန်းမာရေးစောင့်ရှောက်ခြင်းတို့သရုပ်ပြလေ့ကျင့်ခြင်းတို့ကို ဇွန်လမှစ၍ အပတ်စဉ်ဆောင် ရွက်လျှက်ရှိကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကလည်း သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment