Friday, July 10, 2015
10:48 AM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ပခုက္ကူ ဇူလိုင် ၉
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ထောက်ရှာပင်ကျေးရွာ ဧရာဝတီမြစ်ရေတိုက်စားမှု ကြောင့် ကမ်းပါးပြိုကျခဲ့ရပြီး အဆိုပါကျေးရွာ အမြန်ဆုံးရွှေ့ပြောင်းနိုင်ရေး တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထောက်ရှာပင်ကျေးရွာသည် ညောင်ဦးမြို့ အနောက်ဘက် ဧရာဝတီမြစ်၏(Secondary Channel)အနောက်ဘက် ကျွန်းကမ်းပါးပေါ်တွင်တည်ရှိပြီး အိမ်ခြေ(၁၃၀)အိမ်ထောင်စု(၁၈၀)စုရှိ ကာ လွန်ခဲ့သောနှစ်ပေါင်း(၂၀)ခန့်မှ ယခုနေရာတွင် ရွာတည်ခဲ့ကြောင်းသိရသည်။၂၀၁၁ ခုနှစ်မှ စ၍ ရေတိုက်စားကမ်းပြိုမှုဖြစ်ပေါ်ခဲ့ပြီး ၂၀၁၃ခုနှစ်ရေများချိန်အထိ စိုက်ပျိုးမြေဧက(၂၀၀) ခန့် ဆုံးရှုံးခဲ့ရသည်။ ၂၀၁၄ခုနှစ်အောက်တိုဘာလ ရေပြန်ကျချိန်တွင် ထောက်ရှာပင်ကျေးရွာမှ အိမ်ခြေ (၅၂)လုံး ရေတိုက်စားကမ်းပြိုမှုခံခဲ့ရပြီး ကမ်းပြိုမှုသည် အထက်ဘက် ကူကျွန်းရွာ အောက်ဘက်မှစ၍ ထောက်ရှာပင်ရွာအောက်ဘက်အထိ အလျား(၁)မိုင်နှင့်(၇)ဖာလုံခန့် ရှိကြောင်းသိရသည်။
ထောက်ရှာပင်ကျေးရွာနှင့်ကူကျွန်ရွာရှေ့ရှိ ရေလယ်သောင် တဖြည်းဖြည်းကြီးထွားလာမှု နှင့်အတူ ဧရာဝတီမြစ်ကြောင်းသည် ကျေးရွာကမ်းပါးအခြေမှ ဖြစ်ပေါ်လျက်ရှိကာ ကမ်းရင်းရေ အနက်ပေ(၃၀)ခန့်ရှိပြီး ရေစီးနှုန်း(3.Om/s)ခန့်ရှိကြောင်း သိရသည်။ကျေးရွာ၏မြစ်ကမ်းပါး များသည် ကျွန်းမြေများဖြစ်ခြင်း၊ကမ်းရင်းကပ်ရေနက်စီးကြောင်းကြောင့် ရေတိုက်စားကမ်းပြိုမှု ပိုမိုခံခဲ့ရခြင်းဖြစ်သည်။
ထိုသို့ဖြစ်ပေါ်ခဲ့၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် ရေအရင်းအမြစ်နှင့်
မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျွမ်းကျင်ဝန်ထမ်းများက အနီးကပ် ကြီးကြပ်ပြီး အဆိုပါကျေးရွာကမ်းပြိုကာကွယ်ရေးအတွက် အလေးဝန်ဆွဲ သစ်ကိုင်းများ ချထားခြင်းနှင့် Floating Structure များအား ကိုင်ဒလက်များဆွဲကာ ချထားဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး အရေးပေါ် ပြောင်းရွေ့ရန်လိုအပ်သည့် အိမ်ခြေ(၉၄)အိမ်အား အမြန်ဆုံး စီစဉ်ပြောင်းရွေ့လျက်ရှိသည်။
အဆိုပါကျေးရွာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေနှင့်အတူ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ဇူလိုင် ၈ ရက်နံနက် ၈ နာရီက စက်လှေများဖြင့်ရောက်ရှိပြီး ကမ်းပြိုနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးဇော်လွင်မှ ကမ်းပြိုမှုနှင့်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ၊ ယခုနှစ်အတွင်းဆောင်ရွက်ထားရှိမှု အခြေအနေ တို့ကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက်ပခုက္ကူခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများမှ ထောက်ရှာပင်ကျေးရွာပြောင်းရွေ့မှုအခြေအနေ
၊ပြောင်းရွေ့ရာတွင ကူညီပံ့ပိုးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကမ်းပြိုကာကွယ်ရေးအတွက်ဆောင်ရွက်ရန်နှင့် ရွေ့ပြောင်း ကျေးရွာအတွက် လိုအပ်သော ထောက်ပံ့ငွေများကိုဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းပြောကြားကာ ကျေးရွာဘုန်းတော်
ကြီးကျောင်းဆရာတော်အား ဘုန်းတော်ကြီးကျောင်း အတွက် အလှူငွေနှင့်လှူဘွယ်ဝထ္ထုငွေများ ဆက်ကပ်လှူဒါန်း၍ဘုန်းတော်ကြီးကျောင်းနှင့်စာသင်ကျောင်းအတွက်သွပ်(၇၇၈)ချပ်ကို ပေးအပ်လှူဒါန်း
ခဲ့ကြောင်းနှင့်ပြောင်းရွေ့ကျေးရွာ နေရာသစ်တွင် သောက်သုံးရေရရှိရေး၊မီးလင်းရေး၊ ယင်လုံအိမ်သာတည်ဆောက်ပေးရေး၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းများဆောင်ရွက်ပေးရေးတို့ကို တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများ နှင့်ပေါင်းစပ်ညှိနှိုင်းကာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
Subscribe to:
Post Comments (Atom)




0 comments:
Post a Comment