Wednesday, July 8, 2015
3:14 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ဂန့်ဂေါ ဇူလိုင် ၇
ကျေးရွာသူ ကျေးရွာသားများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးစသော အသက်မွေးဝမ်ကျောင်းလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် နှင့် လူမှုစီးပွါးဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဂန့်ဂေါ
မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိးတိုးတက်ရေးဦးစီးဌာနသည် ဇူလိုင် ၄ ရက်က ပနန်း၊ စပယ်၊ ယင်းမာ၊ စင်ပုံကျေး ရွာများ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကျပ်သိန်း ၃၀၀ စီလွှဲပြောင်းပေးအပ်ပွဲများကို အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းများ၌ ပြုလုပ်သည်။
မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေပေးအပ်ပွဲများတွင် ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင် က အမှာစကားပြောကြားပြီး မြစိမ်းရောင်စီမံကိန်း ကျေးရွာကော်မတီဥက္ကဌနှင့် အတွင်းရေးမှူးတို့ထံ ရန်ပုံငွေ ကျပ်သိန်း ၃၀၀ စီကိုလွှဲပြောင်းပေးအပ်သည်။
“ မနှစ်က ဂန့်ဂေါမြို့နယ်မှာ မြစိမ်းရောင်စီမံကိန်းကို မြောက်ခင်ရန်းကျေးရွာမှာ ဆောင်ရွက်ခဲ့ပြီး အခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ မြစိမ်းရောင်ကျေးရွာ ၁၀ ရွာကို ဦးစားပေးအစီအစဉ်အဖြစ်ရွေးချယ်ခဲ့ရာမှာ အခု ကျေးရွာ ၄ ရွာကို ရန်ပုံငွေများ လွှဲပြောင်းပေးတာဖြစ်ပါတယ် “ ဟု မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှူး ဦးအောင်လွင်က ပြောသည်။
အဆိုပါ ကျေးရွာ ၄ ရွာသည် ဂန့်ဂေါမြို့နယ်တွင် တည်ဆောက်လျှက်ရှိသည့် မြစ်သာရေလှောင်တမံ ဘက်စုံစီမံကိန်း၏ ရေဝပ်ဧရိယာအတွင်းကျရောက်မည့် ကျေးရွာများဖြစ်ရာ ကျေးရွာနေပြည်သူများအတွက် စံပြကျေးရွာကွက်သစ်ကို စီမံကိန်း၏လုပ်ငန်းစဉ်တစ်ခုအဖြစ် ထည့်သွင်းဖော်ထုတ်တည်ဆောက် ထားခြင်းဖြစ်ပြီး ကွက်သစ်များသို့ ပြီးခဲ့သည့် ဧပြီလကုန်ရက်ပိုင်းများနှင့် မေလဆန်းပိုင်း တို့တွင် ပြောင်းရွှေ့နေထိုင်ခဲ့ကြသည့် ကျေးရွာများဖြစ်ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment