ချောက် ဇူလိုင် ၈ ရက်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး သည် မကွေးတိုင်းဒေသကြီးဦးစီးဌာနမှူး ဦးကျော်ဇောဟိန်း မြို့နယ်ဦးစီးဌာနမှူး ဦးခင်မောင်ကျော် တို့လိုက်ပါလျက် ရေရှားပါးသည့်ကျေးရွာများ ရေပေးဝေနိုင် ရန်အတွက် အပူပိုင်းဇုံစိမ်းလန်းစိုပြေရေး ဦးစီးဌာနမှ လွှဲပြောင်းပေးအပ်သော ဂွေးချို ကျေးရွာအနီးရှိ စက်ရေတွင်းနှင့်ရေကန်တို့ အား စက်မောင်းအသုံးပြုနိုင်ရန်လိုအပ်သည် များကိုစစ်ဆေးမှာကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးသော စလေ-ပခန်းငယ် ကတ္တရာလမ်း ၂ မိုင် ပခန်းငယ်-ကျောက်ရဲ ကျောက်ချောလမ်း ၁၃ မိုင် ၄ ဖာလုံ နှင့် ရေကျော်များ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော Box Culvert များစသည့်လုပ်ငန်းများကို အဆိုပါ တာဝန်ရှိသူများသည် ယမန်နေ့က ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
Wednesday, July 8, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment