၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့ နံနက် (၉)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မြိုင်-ဗဟင်း ကားလမ်း၊ သက္ကယ်ကျေးရွာအနီးတွင် စောင့်ဆိုင်းနေစဉ် ဆူးဝင်းကျေးရွာဘက်မှ မြိုင်မြို့ ဘက်သို့ ရေစကြိုမြို့နယ်၊ နီပဆေးတောကျေးရွာနေသူ မြင့်ထွန်း (၄၁)နှစ် မောင်းနှင်ပြီး နောက်မှ တစ်ရွာတည်းနေ မောင်ကို (၃၆)နှစ်နှင့် အောင်ဖြိုးသူ (၁၉)နှစ်တို့ လိုက်ပါလာသည့် ၉ဌ/xxxxx ဖောအပြာရောင်ယာဉ်အား ရပ်တန့် စစ်ဆေးရာ တရားမ၀င် ရေနံစိမ်း(၄၀)ဂါလံခန့်စီပါ ပေပါ (၁၂)လုံး၊ စုစုပေါင်းရေနံစိမ်း (၄၈၀)ဂါလံခန့် (စုစုပေါင်းတန်ဘိုး ၆၀၀၀၀၀ိ/-ခန့်)တို့အား ရှာဖွေ တွေ့ရှိ သိမ်းဆည်းရမိသဖြင့် တရားမ၀င် ရေနံစိမ်းများ သယ်ဆောင်လာသူ မြင့်ထွန်းပါ (၃)ဦးအား မြိုင်မြို့နယ်၊ မြို့မရဲစခန်း (ပ)၇၃/၂၀၁၅၊ နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းများ ဥပဒေပုဒ်မ ၉ အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Wednesday, July 22, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment