Wednesday, July 22, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ မွန်းလွဲ (၂း၄၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နှစ်လုံးထီ လောင်းကစား ပြု လုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ် ၁၇/၂၀၁၅ဖြင့် တောင်တွင်းကြီးမြို့၊ တောင်ပြင်(၁) ရပ်ကွက်နေသူ ၀င်းဌေး (၄၅)နှစ်၏ နေအိမ်သို့ ၀င်ရောက်ရှာဖွေရာ နေအိမ်အောက်ထပ်တွင် ၀င်းဌေးအား လောင်းကစား ပြုလုပ်နေ သည်ကို တွေ့ရှိရ ပြီး နှစ်လုံးထီလောင်း ကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့် ငွေ စက္ကူရောရာ ၄၁၇၀၀ိ/- အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသဖြင့် တရားမ၀င် နှစ်လုံးထီ လောင်းကစားပြု လုပ်သူ ၀င်းဌေးအား တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း (ပ)၃၀၀/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိ ကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video