Thursday, July 23, 2015


ဂန့်ဂေါ ဇူလိုင် ၂၂
    ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကြီးမှူး၍ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေ များလွှဲပြောင်းပေးအပ်နိုင်ရေး ကျေးရွာကော်မတီများအား ဖွဲ့စည်းတာဝန်ပေး အပ်ခြင်းများ
 ဆောင်ရွက်လျှက်ရှိရာ ဇူလိုင် ၁၉ ရက်က မြင်သားကျေးရွာအုပ်စု ကုန်းရွာကျေးရွာတွင်
 ကျေးရွာကော်မတီဖွဲ့စည်းတာဝန်ပေးအပ်ပွဲ ပြုလုပ်ပြီး မဲစနစ်ဖြင့်ရွေးချယ်တင်မြှောက်သည်။
    ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၌ ဂန့်ဂေါမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး မြစိမ်းရောင်ကျေးရွာ စီမံကိန်းအား ကျေးရွာ ၁၀ ရွာတွင်ဆောင်ရွက်မည်ဖြစ်၍ ဂန့်ဂေါမြို့နယ်တွင် တည်ဆောက်
လျှက်ရှိသည့် မြစ်သာရေလှောင်တမံဘက်စုံစီမံကိန်းဒေသ ပနန်း၊ စပယ်၊ ယင်းမာ၊ စင်ပုံ ကျေးရွာ
များတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေကျပ် သိန်း ၃၀၀ စီကို ဇူလိုင်လအတွင်းပေး
အပ်ခဲ့ပြီးဖြစ်သည်။ မြို့နယ်အတွင်း ကျန် ကျေးရွာများ၌ ရန်ပုံငွေများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ရာ ကျွန်းဒတ်၊ ဘော်ပြင်း၊ စိုင်ဒူး၊ ညောင်လယ်၊ ကန့်သက် ကျေးရွာများတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ဆက်လက်လွဲပြောင်းပေးအပ်နိုင်ရေး ဆောင်ရွက် သွားမည် ဟု သိရသည်။
    “ ဝင်ငွေနည်းကျေးရွာပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ အိမ်တွင်းမှု၊ စက်ပြင်၊ ပရိ  ဘောဂ စတဲ့လုပ်ငန်းတွေမှာ အရင်းအနှီးရရှိစေဖို့၊ အတိုးနှုန်းသက်သာစွာနဲ့ ချေးငွေထုတ်ပေးတာဖြစ်ပါတယ်” ဟု မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးအောင်လွင်က ပြောသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video