Wednesday, July 22, 2015




မကွေး     ဇူလိုင်     ၂၂
    မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ဆွီဒင်နိုင်ငံအခြေစိုက် Raoul Wallenberg Institute ၏ ရန်ပုံငွေ ကူညီပံ့ပိုးမှုဖြင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ အစိုးရအရာ ထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ လုပ်ရုံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉း၃၀ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ပြုလုပ်ရာ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ကိုယ်စား လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လင်းအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဌ ဦးစစ်မြိုင်က အလုပ်ရုံသင်တန်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။
    ထိုသို့ ပြောကြားရာတွင် လူ့အခွင့်အရေးဆိုတာ လူသားတိုင်းနှင့်သက်ဆိုင်ပြီး တည်ဆဲ  ဥပဒေ ၊စည်းမျဉ်စည်းကမ်းများနှင့်အညီ ခံစားကျင့်သုံးခွင့်ရှိကြောင်း၊ဒါ့ကြောင့် လူ့အခွင့် အရေးဆိုင်ရာ အသိ ပညာ ဗဟုသုတများကို တာဝန်ရှိသူများနှင့် ပြည်သူလူထုမှ သိရှိကြရန် လိုအပ်ကြောင်း၊လူ့အခွင့်အရေးကို
 လေးစားလိုက်နာကြရန်လည်း အလွန်အရေးကြီးပါကြောင်း၊ ဒီမိုကရေစီကို တည်ဆောက်နေတဲ့ ယခုလို အချိန်မှာ နိုင်ငံသားများအနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတို့ကို မှန်မှန်ကန်ကန် သိရှိနာလည်ပြီး ကျင့်သုံးလိုက်နာတတ်ဖို့အလွန်အရေးကြီး ကြောင်း၊ဒီသင်တန်းကို တက်ရောက်လာတဲ့ ဌာနဆိုင်ရာများမှ အရာရှိများကလည်း သင်တန်းမှဆွေးနွေးပို့ချတဲ့ လူ့အခွင့်အရေးဆိုင်ရာ သဘောတရားများအသိပညာနှင့် ဗဟုသုတ များကို သိရှိနားလည်အောင် လေ့လာပြီး ထပ်ဆင့်ပြန့်ပွားအောင် ဆောင်ရွက်ရန်နှင့်မိမိတို့ဌာန လုပ်ငန်းများဆောင်ရွက်ရာမှာ လူ့အခွင့်အရေး သဘောတရားများ ထည့်သွင်းစဉ်းစားလျက် ဆောင်ရွက်ပေး ကြရန် စသည်ဖြင့် ပြောကြားခဲ့သည်။
    အဆိုပါသင်တန်းသည် နှစ်ရက်တာသင်တန်းဖြစ်၍ မကွေးတိုင်းဒေသကြီိးအတွင်းမှ အစိုးရ အရာထမ်းများ (၄၀)ဦး တက်ရောက်ကြပြီး လူ့အခွင့်အရေးသမိုင်းကြောင်းနှင့်အယူအဆ၊ ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်း၊ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ပြဌာန်းချက်ပါ နိုင်ငံသား များ၏ မူလအခွင့်အရေးနှင့်တာဝန်များ၊မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးထားပြီး ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်(၃)ခု ၊မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်  အကြောင်းနှင့် တိုင်တန်း ချက်များ အပေါ်ကော်မရှင်မှဆောင်ရွက်ချက်များ စသည့်ဘာသာရပ် များကို ကော်မရှင် ဒုတိယ ဥက္ကဌ ဦးစစ်မြိုင်၊ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းနှင့် ဒေါက်တာဥာဏ်ဇော် တို့က လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်များကို ရှင်းလင်းပို့ချဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video