Wednesday, July 22, 2015
2:38 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မင်းဘူး ဇူလိုင် ၂၂
မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ မင်းဘူးမြို့နယ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌဖလား ရပ်ကွက်ပေါင်းစုံဘောလုံးပြိုင်ပွဲဗိုလ်လုပွဲအခမ်းအနားကို မင်းဘူးမြို့ ခရိုင်အားကစားကွင်းတွင် ဇူလိုင်လ(၂၁)ရက်နေ့ ညနေ(၄)နာရီအချိန်ကကျင်းပပြုလုပ်ရာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက် လာသော မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက်အသင်းနှင့် အမှတ်(၄)ရပ်ကွက်အသင်းတို့ယှဉ်ပြိုင်ကစား ခဲ့ကြပါသည်။
ဘောလုံးပြိုင်ပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်း၊မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ မြို့မိ/မြို့ဖများ၊မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီဝင်များ၊လူမှုရေးအသင်းအဖွဲ့ဝင်များ ၊မြို့ပေါ်ရပ်ကွက် များမှ ဘောလုံဝါသနာရှင်ပြည်သူများတက်ရောက်အားပေးခဲ့ကြပါသည်။
၂၀၁၅-ခုနှစ်၊မင်းဘူးမြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ဇူလိုင်လ(၅)ရက်နေ့မှစတင်၍ မီနီမာရသွန်ပြိုင်ပွဲ၊ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ဘောလီဘောပြိုင်ပွဲနှင့် ဘောလုံးပြိုင်ပွဲများကို ကျင်းပပြု လုပ်ခဲ့ရာ
ဘောလုံးပြိုင်ပွဲတွင်မြို့ပေါ်ရပ်ကွက်များနှင့်မြို့နယ်ညွှန့်ပေါင်းအသင်း၊မန်းလူငယ်အသင်း၊စကုလူငယ်အသင်းတို့ စုစုပေါင်း အသင်း(၈)သင်းပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြောင်း၊နောက်ဆုံးဗိုလ်လုပွဲတွင် မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက်အသင်းမှ (၅)ဂိုး(၂)ဂိုးဖြင့် အနိုင်ရရှိ၍ ဥက္ကဌဖလားအား ဆွတ်ခူးနိုင်ခဲ့ပါသည်။
ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ မီနီမာရသွန်ပြိုင်ပွဲ၊ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဘောလီဘောပြိုင်ပွဲတို့တွင်ဆုရရှိသူများ၊ဘောလုံးပြိုင်ပွဲ ဒုတိယဆု ရရှိသောအသင်းနှင့် အကောင်းဆုံးအားကစားသမားဆုများကိုချီးမြှင့်ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းမှ ပထမဆုရရှိသောအမှတ်(၄)ရပ်ကွက်အသင်းအား အားကစားနှင့် ကာယ ပညာကော်မတီ ဥက္ကဌဖလားနှင့်ငွေသားဆုများကိုချီးမြှင့်ပေးအပ်ကာ အခမ်းအနားကိုရုပ်သိမ်း ခဲ့ကြောင်းသိရှိ ရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment