Tuesday, July 21, 2015
5:05 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ဆိပ်ဖြူ ဇူလိုင် ၂၁
မကွေးတိုင်ဒေသကြီးဆိပ်ဖြူမြို့နယ်တွင် မြန်မာ့မီးရထားတိုင်းအမှတ်(၁၀) ဆိပ်ဖြူဘူတာတွင် ခရီးသွား ပြည်သူများ ရထားဖြင့် ခရီးမထွက်ခွာမှီ အချိန်တွင် စာပေ ဗဟုသုတများလေ့လာဖတ်ရှုနိုင်ရန် အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန နှင့်ဆိပ်ဖြူဘူတာမှ မြန်မာ့မီးရထား ၀န်ထမ်းများ၊စာပေချစ်မြတ်နိုးသူ စေတနာရှင် အလှူရှင်များက ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်လ ၁၇
ရက်နေ့ မှ စတင်ပြီး ဆိပ်ဖြူ-ပခုက္ကူ RBE လူစီး ရထား ပေါ်တွင် စာပေဖတ်ရှု နိုင်ရန် ဆိပ်ဖြူ ရုံပိုင်ကြီးနှင့် ပို့ ဆောင်ရေး ၊စက်မှု ၀န်းထမ်းများက စာပေဖတ်ရှုလေ့လာလိုသူ ရထားစီးခရီးသည်များအား ၀န်ဆောင်မှု ထပ်မံတိုးချဲ့ ဆောင်ရွက်ပေးလျှက်ရှိပါသည်။ မြို့ နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးရုံးမှစာအုပ်များကို ၁၅ ရက်လျှင်တစ်ကြိမ်စာအုပ်များအားအငှားစာရင်းဖွင့်၍ စာအုပ်၊စာစောင်များကို လဲလှယ်ပြီး စာပေဖတ်ရှုနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ဆိပ်ဖြူ-ပခုက္ကူ RBE လူစီး ရထားပေါ်တွင် မြန်မာ့မီးရထား ၀န်ထမ်းများက ခရီးသွားပြည်သူအများ လိုရာခရီးဘူတာရောက်ရှိသည်ထိ စာပေဗဟုသုတ ဖတ်ရှုနိုင်ရန် ဆောင်ရွက်ပေးခြင်း ၊သောက်ရေသန့် ဗူးကြီးများ ထားရှိပေးခြင်း ၊သန့်ရှင်းစွာ ရထားစီးနင်းနိုင်ရန် ပလပ်စတစ်အိတ် ချိတ်ဆွဲ ပေး ခြင်းတို့ အတွက် ခရီးသွားပြည်သူ တစ်ဦးမှ မြန်မာ့မီးရထား ၀န်ထမ်းများ ယခုလိုဆောင်ရွက်ပေး မှုများအပေါ် အထူးကျေးဇူးတင်ရှိပါကြောင်း လိုရာ ခရီးရောက်သည် အထိ စာပေများ ဖတ်ရှုလေ့လာ နိုင်မှုအပေါ် ပူးပေါင်းဆောင်ရွက်ပေးသည့် သူများ အထူးကျေးဇူးတင် ပါကြောင်း ပြောကြား သိရှိရ သည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment