Friday, July 31, 2015

ဆိပ်ဖြူ ဇူလိုင် ၃၀
 မကေွးတိုင်းဒေသကြီး ဆိပ်ဖြူမြို့ နယ်သည် ဧရာဝတီမြစ်နှင့် ယောချောင်းဆုံရာတွင်တည်ရှိပြီး သဘာဝဘေး အန္တရာယ် ဖြစ်သည့်ရေဘေး အန္တရယ်ကျရောက်နိုင်သော မြို့ နယ် ဖြစ်သည်။ ၂၀၁၀/၂၀၁၁ခုနှစ်အောက်တိုဘာ လများတွင် ယောချောင်းနဘေးရှိကျေးရွာ နေပြည်သူအများ ချောင်ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ် ခဲ့ဖူကြောင်းသိရှိရသည်။

ထိုသဘာဝဘေးအန္တရာယ် ဖြစ်ပေါ်မှု များ အပေါ် မြို့နယ်ဌာနဆိုင်ရာများ ၊လူမှုရေး အသင်းအဖွဲများက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ နှိုးဆော်ခြင်း ၊အသိပညာပေးခြင်းလုပ်ငန်း များကိုဆောင်ရွက်ပေး လျက်ရှိရာ ဇူလိုင်လ ၂၅ ရက်နေ့မှ့ ၃၀ရက်နေ့ ထိ ဆိပ်ဖြူမြို့ နယ်တွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်သော မုန်တိုင်း ၏အရှိန်ကြောင့် မိုးအဆက်မပျက်ရွာသွန်းခဲခြင်းတို့ ကြောင့် ယောချောင်းရေမြင့်တက်၍ သဘာဝဘေး အန္တရာယ် ဖြစ်ပေါ်နိုင်ခြင်းတို့ ကြောင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်း များ ဖြစ်သည့် ရေကင်းချထားခြင်းများ၊အသံချဲစက်များဖြင့် အသိပေးနှိုးဆော်ခြင်း ချောင်းအထက်ပိုင်း မြို့ နယ် များသို့  ရေသတင်းစုံစမ်း အသိပေးခြင်းများ ၊ရုပ်မြင်သံကြား၊ရေဒီယို (FM) များမှ မိုးလေ၀သသတင်းထုတ်ပြန်မှု များကို ကြည့်ရှု နားထောင်းရေး တို့ ကိုနှိုးဆော်ထားကြောင်း ဆည်တမံများ ရေ၀င်ရောက်မှု နှင့် ဆည်တမံ များ ကျိုးပေါက်မှု မရှိစေရေးတွက် ဆည်မြောင်းဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း စောင့်ကြပ်ကြည့်ရှု စေခြင်း ၊အန္တရာယ်ဖြစ်ရှိနိုင်သော အခြေအနေဖြစ်ပေါ်လာပါက ချက်ခြင်း သတင်းပို့ စေခြင်း တို့ ကို ပြုလုပ်၍ မြို့နယ်ရုံးမှ အသိပေးညွှန်ကြားမှု များကို ဆောင်ရွက်လျက်ရှိရာ အရေးပေါ်အခြေ အနေဖြစ်ပေါ်လာပါက ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နိုင် ရန် ပူးပေါင်းဆောင်လျက်ရှိပြီး မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်မျိုးနှင့် အဖွဲသည် ယောချောင်းရေ ကျဆင်းမှု နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကွင်းဆင်း ကြည့်ရှု ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video