ဂန့်ဂေါ ဇူလိုင် ၃၀
ဂန့်ဂေါခရိုင် ဆောမြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းလျှက်ရှိသည့်အတွက်
ဆောမြို့အတွင်း ဖြတ်သန်းစီးဆင်းသည့် ဆောချောင်းရေမြင့်တက်လာကာ ဇူလိုင် ၃၀ ရက်တွင် သီရိရပ်ကွက်
အနိမ့်ပိုင်းရှိ လူနေ အိမ်အချို့တွင် ရေဝင်ရောက်မည့်အခြေအနေရှိလာပါက ချက်ချင်းပြောင်းရွှေ့နိုင်ရေး
သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး၊ ကာကွယ်ရေးနှင်ပြန်လည်နေရာချထားရေးအဖွဲ့က စီစဉ်ထားကြောင်း
သိရသည်။
ထို့ပြင် ဆောမြို့နှင့် ခွင်းချောင်းရွာကို
ဆက်သွယ်ထားသည့် အရှည် ၃၀၀ ပေ၊ ရှိ ခွင်းချောင်းလူကူး တံတားမှာ ၁၀၀ ပေခန့် ပျက်စီးမျောပါသွားကြောင်းနှင့်
တံတားမျောပါသွားသည့်အတွက် ထိခိုက်မှုမရှိသော် လည်း ဆက်သွယ်မှုခက်ခဲသွားသဖြင့် ဆက်သွယ်သွားလာနိုင်ရေး
သက်ဆိုင်ရာက စီစဉ်ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။
0 comments:
Post a Comment