ကံမ ဇူလိုင်
၃၁
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင်မင်းတုန်းချောင်းရေ
ရေလျှံမှုဖြစ်ပွားခဲ့ရာ ရေနံ့သာကျေးရွာအနီး
သရက်-ကံမ-ပြည်မော်တော်ကားလမ်းပေါ်ရှိမင်းတုန်းချောင်းကူးတံတား(ရေနံ့သာ)၏ မြောက်ဘက် တံတားချည်းကပ်လမ်း ပေါ်သို့ ယနေ့နံနက်မှ
စတင်၍နေ့လည်ပိုင်းအထိ
ချောင်းရေများဖြတ်သန်းစီးဆင်းလျှက်ရှိသည်။ အဆိုပါစီးဆင်းနေသော ချောင်းရေများမှာတံတားကြမ်းခင်းကိုထိကပ်နေပြီးချည်းကပ်လမ်းတာဘောင်ပေါ်တွင်အကျယ်ပေ
၂၀၀ ခန့်ဖြတ်သန်းစီးဆင်းကာရေစီးအလွန်ကြမ်းသဖြင့် မော်တော်ယာဉ်များ၊ခရီးသွားလုပ်သားပြည်သူများ ဖြတ်သန်းသွားလာ၍ မရသည့်အတွက် ချောင်းရေလျော့ကျသွားမည်အချိန်ကိုစောင့်ဆိုင်းနေကြရကြောင်း
သိရသည်။ ကျော်ဇေယျဝင်း
0 comments:
Post a Comment