ဆော ဇူလိုင် ၃၀
ဂန့်ဂေါခရိုင် ဆောမြို့နယ်တွင် မိုးအဆက်မပြတ်
ရွာသွန်းလျှက်ရှိရာ ဆောမြို့နယ်တွင်း ဖြတ်သန်းစီး ဆင်းလျှက်ရှိသည့် ဆောချောင်း၊ ယောချောင်း၊
စလင်းချောင်း၊ ချီချောင်း၊ ကျောက်စစ်ချောင်း၊ ကြီးချောင်းတို့ တွင် ချောင်းရေများမြင့်တက်လျှက်ရှိသည်။
ဆောချောင်းမှာ ဆောမြို့အတွင်းဖြတ်သန်းစီးဆင်းပြီး
ချောင်းရေမြင့်တက်လျှက်ရှိရာ ဇူလိုင် ၃၀ ရက် ညနေပိုင်းတွင် သီရိရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၌
အလျှား ၁၀၀ ပေ၊ အနံ ၆ ပေခန့် ရေတိုက်စားသွား သည်။
ထို့ပြင် ဆောမြို့နယ်၌ ဇူလိုင် ၃၀ ရက်တွင်
တိုင်းတာရရှိသည့် မိုးရေချိန်များမှာ ဆောမြို့၌ ၃ ဒသမ ၆၃ လက္မ၊ လောင်းရှည်တွင် ၃ ဒသမ
၈၁ လက္မ၊ ကျောက်ထု၌ ၃ ဒသမ ၂၈ လက္မ တို့ အသီးသီးရွာသွန်းကြောင်း သိရသည်။
0 comments:
Post a Comment