ဂန့်ဂေါ ဇူလိုင် ၃၀
ဂန့်ဂေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသည့်
မြစ်သာမြစ်ရေသည် ဇူလိုင် ၂၈ ရက်တွင် နိမ့်ဆင်းသွား သော်လည်း မိုးများအဆက်မပြတ်ရွာသွန်းလာသည့်အတွက်
ဇူလိုင် ၃၀ ရက်တွင် မြစ်သာမြစ်ရေ ပြန်လည် မြင့်တက်လာသည်။
ထို့ပြင် မုံရွာ- ပုလဲ- ဂန့်ဂေါ- ဟားခါးကားလမ်း
ဂန့်ဂေါမြို့နှင့် စိုင်ဒူးကျေးရွာကြား မဖေးချောင်းတွင် ဇူလိုင် ၂၈ ရက်မှစ၍ ဖြတ်သန်းသွားလာနိုင်ခဲ့သော်လည်း
ဇူလိုင် ၃၀ ရက်တွင် ချောင်းရေမြင့်တက်လာသဖြင့် အဆိုပါချောင်းကို မော်တော်ယာဉ်များ ဖြတ်သန်းမောင်းနှင်နိုင်ခြင်းမရှိဘဲ
စောင့်ဆိုင်းနေရကြောင်းနှင့် ခရီး သွားများအတွက် လှေဖြင့်ဖြတ်ကျော်နိုင်ရန် စီစဉ်ဆောင်ရွက်ထားကာ
ကားဖြင့်လိုက်ပါလာသည့် ခရီးသည်များ အား စေတနာရှင်များက ထမင်းထုပ်များ ဝေငှပေးကြောင်း
သိရသည်။
0 comments:
Post a Comment