Wednesday, July 29, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ ညနေ (၃)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ပွင့်ဖြူမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နယ်မြေသတင်းစုံစမ်းနေစဉ် ပွင့်ဖြူမြို့နယ်၊ ရေပုတ် ကလေးကျေးရွာနေသူ ကိုထွန်းထွန်းဦးမှ ၎င်းထံသို့ အမည်မသိလူ(၂)ဦးမှ နံပါတ်မပါ ANBO 125 နက်/ဖြူကြား ဆိုင်ကယ်နှင့် ANBO 125 နီ/နက်ကြား ဆိုင်ကယ် (၂)စီးအား လာရောက် ပေါင်နှံခဲ့ပြီး ထွက်ခွာသွားစဉ် မသင်္ကာသဖြင့် လိုက်လံကြည့်ရှုရာ မဒဲကျေးရွာနှင့် ကနီရွာအကြားတွင် ရပ်တန့်ထား ခဲ့သော နံပါတ်မပါ AGUO 125 နီ/နက်ကြား ဆိုင်ကယ်ဖြင့် ထွက်ခွာ သွားကြောင်း ဖုန်းဆက်သတင်းပေး ချက်အရ အဆိုပါ ဆိုင်ကယ် ပေါင်နှံသူ(၂)ဦးအား လိုက်လံစုံစမ်း ရှာဖွေစဉ် ရှောက်တောကျေးရွာ လမ်းဆုံ တွင် ဆိုင်ကယ် ပေါင်နှံသွားခဲ့သူ(၂)ဦးအား သက်သေများ နှင့်အတူ တွေ့ရှိစစ်မေးရာ မန္တလေး တိုင်း ဒေသကြီး၊ ကျောက်ဆည် မြို့နယ်၊ မြို့ဦးရပ်ကွက်နေသူ အောင်ကိုထွန်း (၂၃)နှစ် နှင့် ကျောက်ဆည် မြို့နယ်၊ ထနောင်းပင်လှရွာနေသူ ညွှန့်ဦး (၃၂)နှစ် တို့ ဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့ ပေါင်နှံထားခဲ့သည့် ဆိုင်ကယ်(၂)စီးနှင့် လက်ရှိ စီးနင်းလာသော ဆိုင်ကယ်(၁)စီး၊ စုစုပေါင်း ဆိုင်ကယ်(၃)စီး တို့နှင့် ပတ်သက်၍ ၄င်းတို့ပိုင်ဆိုင်ကြောင်း အထောက် အထား တစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်း မရှိသဖြင့် တစ်နေရာရာမှ ခိုးယူလာသည်ဟု မသင်္ကာ သဖြင့် ညွှန့်ဦးနှင့် မြင့်သူတို့အား အရေးယူပေးပါရန် ၂၈.၇.၂၀၁၅ ရက်နေ့ ၂၀၀၅ အချိန် ဒုရဲအုပ် နိုင်နိုင်ထွန်းမှ တရားလို ပြုလုပ်တိုင်တန်းသဖြင့် ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၄၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉/၅၄ အရ အမှုရေးဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video